543ရန်ကုန်မြို့အတွင်းရှိ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ အမှတ် (၉၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှုုးရုံး၏ အနောက်ဘက် မဟာ ကန္နီ ဘုန်းကြီးကျောင်းဘေးရှိ ဘောလုံးကွင်းအတွင်း၌ ယမာန်နေ့ ညနေပိုင်း (၆) နာရီ (၁၀) မိနစ်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပြီး လူထူဟောပြောပွဲတရပ် ပြုလုပ်သွားပါသည်။ အဆိုပါ လူထုဟောပြောပွဲသို့ ပြည်သူလူထု (၇၀၀၀၀) ကျော် တက်ရောက်ခဲ့ကြောင်း ဟောပြောပွဲကို နားထောင်ခဲ့သူများက ခန့်မှန်းကြပါသည်။
![]()
“အန်အယ်လ်ဒီပါတီက လွယ်လွယ်နဲ့ ကတိတွေ မပေးခဲ့တာက ပြည်သူတွေကို လေးစားလို့ပါ။ ပြည်သူတွေ တည်ငြိမ်းပြီး ကောင်းမွန်တဲ့ဘဝ လိုအပ်နေတရွေ့၊ ကျမတို့ကို ထောက်ခံနေတရွေ့တော့ ကျမတို့ အောင်မြင်မှုရရှိ နေမှာပါ။ ပြည်သူများ အတွက် ဂတိတွေ မပေးနိုင်ပေမဲ့ ကျမတို့ဘက်က ယုံကြည်ချက်တွေ ရှိပါတယ်။” ဟု အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူလူထုကို ပြောကြားသွားခဲ့ပါသည်။
ဧပြီလ (၁) ရက်နေ့ တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အန်အယ်လ်ဒီပါတီ စည်းရုံးရေး ခရီးစဉ်များကို ရန်ကုန်မြို့ပြင်ပမှာပင် ကျင်းပခဲ့ရာမှ ယခုအကြိမ်သည် ရန်ကုန်တိုင်းအတွင်းရှိ ရန်ကုန်မြို့ စည်ပင်သာယာ နယ်နမိတ်ထဲကို ပထမဆုံးအကြိမ် ပြုလုပ်လာခဲ့ခြင်းဖြစ်ပါသည်။
လူထုဟောပြောမည့်ကွင်း ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ အမှတ် (၉၄) ရပ်ကွက်ကို မရောက်မီကပင် ဒဂုံဆိပ်ကမ်းမြို့၊ သံ လျင်နှင့် တောင်ဒဂုံ စသည့်မြို့နယ်များမှ လူထုပရိဿတ်များလည်း လမ်းတလျှောက် သွားရောက် ကြိုဆိုခဲံကြပါသည်။
အန်အယ်လ်ဒီပါတီ၏ မဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်များမှာ၊ ထားဝယ်ခရီးစဉ်၊ဖျာပုံ၊ ပုသိမ်၊ လှည်းကူး၊ ကချင်၊ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ ရန်ကုန်တိုင်း တို့တွင်သွား ရောက်ခဲ့ပြီးဖြစ်ပါသည်။ ၄င်းအပြင် မြိတ်နှင့် အခြားပြည်နယ်တိုင်းသို့လည်း သွားရောက်ရန်ရှိသေးသည်ဟု သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များကို အာဏာပိုင်များက အစပိုင်းတွင် လွတ်လွတ်လပ်လပ် လွှတ်ပေးခဲ့သည်ဟု ထင်ရ သော်လည်း နောက်ပိုင်းတွင် အခက်အခဲဖြစ်လာစေရန် အနှောင့်အယှက်များ ပေးလာခဲ့ပါသည်။ အန်အယ်ဒီလွှတ် တော် အမတ်များကို နှောင့်ယှက်ခြင်း၊ ခရီးအဆင်မပြေရန် နှောင့်ယှက်ခြင်း၊ အပြင် ရွေးကောက်ပွဲ မဲဆွယ်ရာ၌ ပေါ်တင် တိုက် ခိုက်မှုများ ဖြစ်လာခဲ့ပါသည်။



