ဒေါ်အောင်စန်းစုကြည်၏ လာရှိုးခရီးစဉ်။

ဒေါ်အောင်စန်းစုကြည်၏ လာရှိုးခရီးစဉ်။
by -
ရွှေဟင်္သာ

ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်မြောက် ပိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေးခရီးစဉ်ကို ယနေ့ (မတ်လ ၁၇ ရက်နေ့) နေ့လည် (၁၂) နာရီ (၁၅) မိနစ်ခန့်တွင် လားရှိုးမြို့သို့ လေယာဉ်ဖြင့် ဆိုက်ရောက်လာခဲ့ပါသည်။

ဒေါ်အောင်စန်းစုကြည်၏ လာရှိုးခရီးစဉ်။
NLD ဥက္ကဌသည် လားရှိုးမြို့ တက္ကသိုလ်ရှေ့ရှိ ဦးသန်းဋ္ဌေး၏ နေအိမ်တွင် ခေတ္တ အနားယူပြီး ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီ ဘုရားဝင်း အ တွင်း ညနေ (၃) နာရီနှင့် (၅) မိနစ်တွင် ဟောပြောပွဲ စတင်ကျင်းပ ခဲ့ကြပါသည်။

လာရှိုးလူထုအားနှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည်

 ဒေါ်အောင်ဆန်းစုကြည်၏ နောက်သို့ လူထု (၃) သောင်း ခြံရံလိုက်ပါခဲ့သလို ဟောပြောကွင်းတွင်လည်း လူ(၅)သောင်းခန့် စောင့်နေသည်ဟု မျက်မြင်များက အကဲခတ်ကြပါသည်။

“ ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေသုံးနာရီ အကျော်လေးမှာ လားရှိုးမြို့၊ ရန်တိုင်းအောင်ဘုရားကြီး ကွင်းထဲကို ၀င်ရောက်လာပြီး လူထုအား စတင်ဟောပြော ခဲ့တယ်။ သူစလာခဲ့တဲ့ လားရှိုးတက္ကသိုလ်ရှေ့ ကနေ ကွင်းအထိ ဆိုရင် သူ့ရဲ့ နောက်မှာ လိုက်ပါလာတဲ့ ပရိသတ်ကတော့ သုံးသောင်းခန့် ရှိပြီးတော့ဟောပြော ကွင်းထဲမှာလည်း  ကွင်းထဲမှာ စောင့်ဆိုင်း နေကြတဲ့ လူထုကလည်း ငါးသောင်းလောက်ရှိမယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်က စပြီး မိတ်ဆက်တာကတော့-
“ဟောပြောပွဲတွေ သွားခဲ့တဲ့လမ်းတစ်လျှောက် ဒီလောက်လှတဲ့ မြင်ကွင်းမျိုးတစ်ခါမှ မကြံုဖူး သေးဘူး” "ဆိုပြီးလူထုကို စတင်မိတ်ဆက်လိုက်တယ်” ဟု လာရှိုးမြို့ခံ တဦးကပြောပါသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းထဲတွင် အောက်ပါအတိုင်း ကောက်နှုတ်တင်ပြလိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်က -

“လာရှိုးရဲ့ အခြေအနေဟာ အရင်တခေါက်လာတဲ့ အခြေအနေနဲ့ မတူတော့ဘူး၊ ပြည်သူတွေကကြောက်နေ ကြတယ်။

အန်အယ်ဒီအဖွဲ့ချုပ်နှင့် ပါတ်သက်ပြီး ဒေါ်အောင်စုကြည်က-

“ ကျမတို့နိုင်ငံဟာ ပြည်ထောင်စုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ထောင်စုတခုလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးပါ တီ တခုကိုတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေးနဲ့ ပါတ်သက်ပြီး၊ တိုင်းရင်းသား လူမျိုးလည်းစုံတယ်၊ လူဦးရေက လည်းများတယ်ဆိုတော့ တယောက်နဲ့တယောက် နားလည်မှုရှိရပါ့မယ်။ ပြည်သူတွေအနေနဲ့ အပြောင်းအလဲလိုချင်ရင် မဲရုံကိုသွားပြီး ကိုယ်လိုချင်တဲ့သူကို မဲပေး လိုက်ရုံဘဲ ပြည်သူ တွေလည်း မပန်ပမ်းဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့် ကြားသွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည်၊ မတ် မနက်ဖြန်မတ်လ (၁၈) ရက်နေ့တွင် သိန္ဒီမြို့ရှိဘုန်းတော်ကြီး ကျောင်းအ ချို့သို့သွားရောက် ဂါရဝပြုတွေ့ဆုံမည်ဖြစ်ပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေယာဉ်ဖြင့်ပြန်လည် ထွက်ခွါမည်ဟု အန်အယ်ဒီလာရှိုး ပြည်သူ့ကိုယ်စားလှယ်လောင်း ဦးစိုင်းမြင့်မောင်က ဆိုပါသည်။

Most read this week