မင်းတပ်စစ်ဘေးရှောင်အများစုကို ကူညီထောက်ပံ့ခွင့်မရဘဲ UNHCR တာဝန်ရှိသူများ ပြန်လှည့်ခဲ့ရ

မင်းတပ်စစ်ဘေးရှောင်အများစုကို ကူညီထောက်ပံ့ခွင့်မရဘဲ UNHCR တာဝန်ရှိသူများ ပြန်လှည့်ခဲ့ရ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား လူသားချင်စာနာထောက်ထားမှု အကူအညီပေးအပ်ရောက်ရှိလာသည့် ကမ႓ာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) တာဝန်ရှိသူများ စစ်ကောင်စီ၏ ပိတ်ပင်ကန့်သတ်ချက်ကြောင့် စစ်ဘေးရှောင်ပြည်သူအများစုအား ထောက်ပံ့ခွင့်မရှိဘဲ ဇူလိုင် ၂၂ ရက်ညနေပိုင်းက မင်းတပ်မြို့မှ ပြန်လှည့်သွားပြီဟုသိရသည်။

“UNHCR ကတော့ ပြန်သွားပြီ၊ သူ့တို့ပစ္စည်းတွေကတော့ မြို့ပေါ် Camp ၅ ခုမှာရှိတဲ့ အိမ်ထောင်စု ၆၆ စုကိုပေးပြီး၊ ကျန်တာပေးလို့မရဘူး၊ ဖြန့်ဝေလို့မရတော့ဘူး၊ သူတို့ကတော့ မနေ့ညနေပိုင်းလောက်က ကားတွေနဲ့ပြန်လှည့်သွားပြီ” ဟု မင်းတပ်မြို့မိမြို့ဖတစ်ဦးက ပြောသည်။

UNHCR ရုံးမှတာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး တကိုယ်ရေသုံး အကာအကွယ်ပစ္စည်းကိရိယာများအပါအဝင် အစားအစာမဟုတ်သည့် တာပေါ်လင်၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်း၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် စသည့်ပစ္စည်းများကို မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စုပေါင်း ၁၀၀၀ လူဦးရေ ၅၀၀၀ စာအတွက် ထောက်ပံ့ရန် ဇူလိုင် ၁၉ ရက်နေ့က မင်းတပ်မြို့သို့ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ ၎င်းတို့ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း ၅ ခုတွင်နေထိုင်သော စစ်ဘေးရှောင်အိမ်ထောင်စု ၆၆ စု လူဦးရေအားဖြင့် ၅၀၀ ဝန်းကျင်ခန့်သာ ထောက်ပံ့ခွင့်ပြုခဲ့ပြီး စစ်ဘေးရှောင်အများစု ခိုလုံကြသော ကျေးရွာဘက်နှင့် တောထဲရှိ စစ်ဘေးရှောင်စခန်းများတွင် သွားရောက်ဖြန့်ဝေခွင့်မပြုသည့်အတွက် ထောက်ပံ့ပစ္စည်းများအားချန်ထားကာ ပြန်လှည့်သွားခဲ့ခြင်းဖြစ်သည်။

“သူတို့ပစ္စည်းတွေကို အခု လုံခြုံတဲ့နေရာ ဘုန်းကြီးကျောင်းတနေရာမှာ လှောင်ထားတယ်၊ စခန်းမှာ နောက်ထပ် အသစ်ရောက်လာမဲ့သူတွေကို စာရင်းဇယားနဲ့လုပ်ပြီးမှ ဘုန်းကြီးစီသွားထုတ်ရမယ်" ဟု မင်းတပ်မြို့မိမြို့ဖက ပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီလကုန်ပိုင်းကစ၍ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်ကြသည့် ပြည်သူများအား စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးပစ်ခတ်မှု ရှိလာခြင်းကြောင့် မင်းတပ်မြ်ို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Mindat-CDF) ဖွဲ့စည်းကာ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံတစ်သောင်းကျော်သည် ကျေးရွာများနှင့် တောထဲသို့ အိုးအိမ်စွန်ခွါကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကာ ကူညီထောက်ပံ့မှု လိုအပ်လျှက်ရှိသည်။

မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) အကြား အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုအား ဇူလိုင်လ ၁၆ ရက်နေ့က ပျက်ပြယ်ခဲ့ပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့ကစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

 
 

 

 

August 19, 2026
Myanmar military forces and immigration officials are conducting door-to-door sweeps in Kale...
July 24, 2026
Malaysia has ordered an immediate suspension of all new refugee registrations by the United...
July 24, 2026
A coalition of 255 civil society organizations (CSOs) has urged SpaceX to target telecom scam...
July 14, 2026
The Myanmar military regime is deploying nearly 1,000 reinforcement troops to southern Chin...