မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂ ရာကျော်ဖမ်းဆီးခံ ရတယ်လို့သိရပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေအနက် (၂၀၇)ယောက် ဟာ ဂျိုဟိုးပြည်နယ်မှာ ဖမ်းဆီးခံ ရတာဖြစ်ပြီး ၊ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူ imbeမှာတော့ ဖမ်းဆီးခံ ရတဲ့သူ (၂၀)ကျော်ရှိတယ်လို့သိရပါတယ်။
ဖမ်းဆီးခံရမှူဖြစ်စဉ်အတွင်း အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား တွေ ပါ၀င်တယ်လို့သိရပြီး ဖမ်းဆီးခံရတဲ့ အရေအတွက်နဲ့ပတ်သက်ပြီး တိတိကျကျမသိရသေးသလို ဖမ်းဆီးခံရတဲ့သူတွေကို မလေးရှားအစိုးရအနေနဲ့ လူ၀င်မှုကြီးကြပ်ရေး၀န်ကြီး ဌာန ထိန်းသိမ်းထားတယ်လို့သိရပါတယ်။
မလေးရှားအစိုးရက တရားမ၀င်အထောက်အထားမဲ့ နေထိုင်သူတွေကို ၂၀၂၄ခုနှစ် မတ်လ(၁)ရက်နေ့ကနေ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ၎င်းတို့ မိခင်နိုင်ငံက ပြန်လည်လက်ခံရေးအစီအစဉ်ကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။