မလေးရှားသွားမယ့် မြန်မာလုပ်သား ၁၀၀ နီးပါး ထိုင်းနိုင်ငံမှာဖမ်းဆီးခံရ

မလေးရှားသွားမယ့် မြန်မာလုပ်သား ၁၀၀ နီးပါး ထိုင်းနိုင်ငံမှာဖမ်းဆီးခံရ
Photo Crd
Photo Crd

မလေးရှားနိုင်ငံမှာ သွားရောက်လုပ်ကိုင်မည့် အထောက်အထားမဲ့ မြန်မာနိုင်ငံ သား ၁၀၀ နီးပါးကို ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်မှာ ဖမ်းဆီးရမိ တယ်လို့ ထိုင်းအခြေစိုက် သတင်းတွေကဖော်ပြထားချက်အရ သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာဖမ်းဆီးခံရတဲ့သူတွေထဲမှာ ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၉၅ ဦးရှိပြီး ကျောပိုးအိတ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့်အတူ တောထဲတွင် ပုန်းနေကြတဲ့အချိန်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူ‌ေတွဟာ ထိုင်းနယ်စပ်ဒေသဖြစ်တဲ့ တာ့ခ်ခရိုင်၊ ကန်ချနဘူရီခရိုင်နှင့် ပရာကျွတ်ခီရီခန်ခရိုင်၊ ရနောင်းခရိုင်များကတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး ထာ့ချန်ရဲစခန်းသို့ ပို့ဆောင်ပြီးဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်ပြီးနောက် နေရပ်ပြန်လည်ပို့ဆောင်သွားမယ်လို့သိရပါတယ်။

မြန်မာစစ်တပ်က စစ်မှုမထမ်းမနေရ ဉပဒေပြဌာန်းပြီးတဲ့နောက်ပိုင်း လူငယ် လူရွယ်အများစုဟာ နိုင်ငံပြင်ပကိုရရာနည်းလမ်းနဲ့ထွက်ခွာတဲ့သူ ပိုမိုများပြားလာတယ်လို့သိရပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...