ဟားခါးမြို့တွင်းမှာ ပြည်နယ်ဝန်ကြီး ၂ ဦးတိုက်ခိုက်ခံရတယ်လို့ သိရ

ဟားခါးမြို့တွင်းမှာ ပြည်နယ်ဝန်ကြီး ၂ ဦးတိုက်ခိုက်ခံရတယ်လို့ သိရ

ချင်းပြည်နယ် ဟားခါးမြို့တွင်းမှာ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီး နှစ်ဦး တိုက်ခိုက်ခံရလို့ ဒဏ်ရာရခဲ့တဲ့အကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့( CHRO )က ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့မနက်ပိုင်း ကိုးနာရီခွဲဝန်းကျင်လောက်မှာ ရသုံးမှန်းခြေငွေစာရင်းနဲ့ စီမံကိန်း နှင့် လူမှုဝန်ထမ်းဝန်ကြီး ဇနီးမောင်နှံ နဲ့ ယာဉ်မောင်းတစ်ဦးနဲ့ လုံခြုံရေးအစောင့် နှစ်််ဦး တို့ကို  လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုတွင်ိ ဒေသဆိုင်ရာ တော််လှန်ရေးအဖွဲ့ဖြစ်တဲ့  ချင်းကာကွယ်ရေး - ဟားခါး တပ်ဖွဲ့မှာ တာဝန်ရှိတဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်တယ်လို့လည်း CHRO ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ဝန်ကြီး ၂ အပါအဝင် ထိခိုက်ဒဏ်ရာရခဲ့တဲ့ သူတွေရဲ့ အခြေအနေကိုတော့  ဒီကနေ့ညနေအထိ ၎င်း တို့ရဲ့ အခြေနေကို မသိရသေးလို့လည်း ထုတ်ပြန်ထားပါတယ်။

Most read this week

April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...
Photo Crd
April 24, 2024
မလေးရှားနိုင်ငံမှာ သွားရောက်လုပ်ကိုင်မည့် အထောက်အထားမဲ့ မြန်မာနိုင်ငံ သား ၁၀၀ နီးပါးကို...
April 20, 2024
မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်းကို Northern Brothers People’s Defense Forces အဖွဲ့က ဒီနေ့ ဧပြီလ...