ဒီးမော့ဆို၌ ၃ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဖက်က ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း KNIC တာဝန်ရှိသူပြော

ဒီးမော့ဆို၌ ၃ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဖက်က ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း KNIC တာဝန်ရှိသူပြော
KNIC/  ဧပြီ ၁၆ နှင့် ၁၇ ရက်အတွင်း တိုက်ပွဲတွင် စကစတပ်များမှ သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများ
KNIC/ ဧပြီ ၁၆ နှင့် ၁၇ ရက်အတွင်း တိုက်ပွဲတွင် စကစတပ်များမှ သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများ

ကရင်နီ(ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီလက်နက်ကိုင်ပူး ပေါင်းတပ်ဖွဲ့တို့ ဧပြီ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ၃ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၃၀ ကျော် သေဆုံးခဲ့ပြီး လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ပြန်ကြားရေး ဗဟို KNIC တာဝန်ခံ ခူးညေးရယ်က နိရဉ္စရာသတင်းဌာနကို ပြောသည်။

စစ်ကောင်စီဖက်က မြေပြင်မှာ ထိခိုက်သေဆုံးမှုတွေများနေပြီး ဂျက်လေယာဉ်များနှင့်လည်း ၃ ရက်လုံး ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ စစ်ကောင်စီဖက်က တက်လာတဲ့အင်အားကတော့အများကြီးပဲ၊ တပ်ရင်း ၃ ရင်းလောက် ပေါင်းပြီးတိုက်တာ၊ ၁၆ ရက် နေ့လယ် ၁၂နာရီနဲ့ ညနေ ၃နာရီလောက်က ဂျက်ဖိုက်တာနဲ့လာပစ်တယ်၊ နောက်နေ့ ၁၇ ရက်နေ့ ည ၁၂နာရီမှာလည်းလာပစ်တယ်၊ မနေ့က ၁၈ ရက် ညနေ ၅နာရီ လောက်မှာလည်း လာပစ် တယ်၊ ၃ ရက်အတွင်းမှာ ၄ကြိမ်လာပစ်တယ်။”

လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဧပြီ ၁၆ ရက် နံနက်၇နာရီကျော်လောက်ကစပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်း ဒေါတမကြီးကျေးရွာ အုပ်စု၊ ဒေါညီရွာကို စစ်ကောင်စီဖက်က တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၅ ၊ ခလရ ၅၅ ၊ ခလရ ၈၀ တို့ ပူးပေါင်းထားသည့် အင်အား ၁၇၀ ကျော်နှင့် စစ်ကြောင်းထိုးလာရင်း တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်ဟု  KMIC တာဝန်ခံ ခူးညေးရယ် က ပြောသည်။

ပြီးခဲ့သည့်မတ်လကတည်းက ဒေါညီရွာအနီး၌ စစ်ကောင်စီတပ်စခန်းနှစ်ခု အထိုင်ချထားပေမယ့် ၃ ရက် တာတိုက်ပွဲအတွင်း အဆိုပါစခန်းနှစ်ခုစလုံးကို ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်း နိုင်ခဲ့ကြောင်းလည်း ပြောသည်။

တိုက်ပွဲတွင် ပူးပေါင်းတိုက်နေကြေသည့် တော်လှန်ရေးတပ်ဖွဲ့များမှာ KA၊ KNDF B/10၊ B/05၊ B/06 ၊ B/01 ၊ B/16၊  B/15 ၊ KNDF ETD၊ လွိုင်ကော် PDF တို့ဖြစ်ကြပြီး တိုက်ပွဲအတွင်း KA မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိထားသည့်အထဲ၌ စစ်ကောင်စီတပ်မှ တပ်ရင်းမှုး ဒု-ဗိုလ်မှုးကြီး ငြိမ်းချမ်းဆိုသူ၏ အသုံးအဆောင်များကိုလည်း သိမ်းဆည်းရမိထားပြီး အဆိုပါတပ်ရင်းမှုး တိုက်ပွဲ၌ သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း ခူးညေးရယ်က ပြောသည်။ NN – 24

Photo – KNIC/  ဧပြီ ၁၆ နှင့် ၁၇ ရက်အတွင်း တိုက်ပွဲတွင် စကစတပ်များမှ သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများ

Most read this week

ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...
ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...