မန္တလေး တိုင်းလွှတ်တော် ဒု-ညွှန်မှူးနှင့် အိမ်ဖော် ကိုသတ်ပြီး နေအိမ်မီးရှိုခံရမှု ဖြစ်ပွား

မန္တလေး တိုင်းလွှတ်တော် ဒု-ညွှန်မှူးနှင့် အိမ်ဖော် ကိုသတ်ပြီး နေအိမ်မီးရှိုခံရမှု ဖြစ်ပွား
အခင်းဖြစ်ပွားခဲ့သည့် နေအိမ်
အခင်းဖြစ်ပွားခဲ့သည့် နေအိမ်

မန္တလေးတိုင်းတရားလွှတ်တော် ဒု ညွှန်ကြားရေးမှူးနှင့် အိမ်ဖော်အမျိုးသမီးကို သတ်ပြီး နေအိမ်ကိုပါမီးရှို့သွားသည့် ဖြစ်စဉ်တစ်ခု ဧပြီလ ၁၁ ရက်နေ့ (ယနေ့) နံနက် အစောကြီး ၃ နာရီ ၂၀ မိနစ် ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သိရှိရသည်။

အဆိုပါ ဖြစ်စဉ်သည် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင် ရပ်ကွက်၊ ၃၁ လမ်း၊ ၆၅ လမ်း/၆၆ လမ်းကြားရှိ တိုက် ၁ လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မီးလောင်နေလို့ ဝင်ငြိမ်းကြတာပါ။ အိမ်ထဲရောက်တော့ အမျိုးသမီး ၂ ယောက် သေနေတာတွေ့တာပဲ။ ဖြစ်စဉ်တော့ စုံစမ်းစစ်ဆေးနေပြီပေါ့။ သတ်ပြီး မီးရှို့သွားတာနေမှာပေါ့”ဟု အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သေဆုံးခဲ့သည့် တိုင်းလွှတ်တော် ဒု ညွန်သည် အသက် (၅၀)နှစ်ရှိသည့် ဒေါ်လေးကြည် ဖြစ်ပြီး ၎င်း၏ လည်ပင်း တွင် ဟင်းသီးဟင်းရွက်လှီး ဓားထိုးစိုက်လျက်၊ ဘယ်ဘက်ပါး ပြတ်ရှဒဏ်ရာများ၊ ဘယ်နဖူး ပြတ်ရှဒဏ်ရာများ ဖြင့် သေဆုံးလျက်ရှိတွေ့ရှိရကြောင်း သိရှိရသည်။

ဒု ညွှန်မှူးအပြင် အခြားသေဆုံးသူ အမျိုးသမီး တစ်ဦးသည် အိမ်ဖော်အဖြစ်အလုပ်လုပ်ကိုင်နေသည့် အသက် (၃၈) အရွယ် မအေးသန္တာ ဆိုသူ ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး နေအိမ်အတွင်းမှ ကုတင်၊ မွှေ့ယာ၊ အိမ်သုံးပစ္စည်း တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...