မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်မှု စစ်ဆေးရေး တင်းကြပ်၊ကုန်သည်များက အခက်တွေ့နေရ

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်မှု စစ်ဆေးရေး တင်းကြပ်၊ကုန်သည်များက အခက်တွေ့နေရ

သျှမ်းပြည်  မူဆယ်ဘက်ရှိ မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်မှုတွင် ကုန်ပစ္စည်း စစ်ဆေးမှုများ တင်းကြပ်လာသည့် အတွက်ကုန်သည်များက အခက်တွေ့နေရကြောင်း စုံစမ်းသိရသည်။

မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် (ကျင်စန်းကျော့ဂိတ်) မှ တစ်ဆင့် တရုတ်ဘက်မှ မြန်မာပြည်ဘက် တင်သွင်းသည့်ကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများပြုလုပ်လာသည့်အပြင် ဒဏ်ကြေး ပေးဆောင်မှုများလည်း ရှိနေကြောင်းကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။

“တင်သွင်းတဲ့ ကုန်ပစ္စည်းကို တံဆိပ်၊ အလေးချိန်တွေကို တိတိကျကျမှတ်ပြီးတော့ ပစ္စည်းအမျိုးအစား တူပြီး တံဆိပ်ကွဲပြားတာ၊အလေးချိန်ကွဲတာမျိုးတွေဆိုရင် ဒဏ်ရိုက်တယ်၊ တချို့ကလည်း  ပစ္စည်းသိမ်းတဲ့ အထိ လုပ်တယ်” ဟု ကြုံတွေ့ရသည့် အမည်မဖော်လိုသူ ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မတ်လ အစပိုင်းမှ စတင်ကာ တင်သွင်းကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှု စတင်လုပ်ဆောင်လာ ခဲ့ခြင်းဖြစ်ပြီးပစ္စည်း စစ်ဆေးမှု တင်းကျပ်သည့်အပြင် ဒဏ်ငွေပေးဆောင်ရခြင်း၊ ပစ္စည်းသိမ်းခံရခြင်းတို့လည်း ရှိနေကြောင်း ကုန်သည်များက ပြောသည်။  

ကျင်စန်းကျော့ဂိတ်မှ တစ်ဆင့် တင်သွင်းသည့် ကုန်ပစ္စည်းများသည် လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ တောင်ယာသုံးထွန်စက် စသည့်ပစ္စည်းများ ဖြစ်ကြကြောင်း သိရသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်ပြီး ညွှန်ကြားချက် မူဝါဒအမျိုးမျိုးကို ထုတ်ပြန်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“ဝန်ကြီးဌာနက ကြေညာထားတာလည်း ရှိတယ်။ နိုင်ငံတော် မူဝါဒ အရ ပြောင်းလဲတာတွေ ရှိတာပေါ့။ အရင်က ပို့ကုန်မှာတောင်လိုင်စင်မလိုတာ အခု လိုင်စင်လုပ်ရတယ်။ ဒီစစ်ဆေးမှုကလည်း ကျင်စန်းကျော့ဂိတ်ကနေ ၁၀၅ မိုင် ထိ တိုက်ရိုက်မောင်းနိုင်ဖို့စစ်ဆေးမှုတွေ လုပ်တယ်လို့ ပြောတယ်” ဟု အထက်ပါ ကုန်သည်က ဆက်ပြောသည်။

ထို့အပြင် ကုန်ပစ္စည်း တင်သွင်းခွင့်လိုင်စင် လျှောက်ထားရန်အတွက် လိုအပ်သည့် ပစ္စည်း အရေအတွက်တွင် ဆေးနှင့် ဆက်စပ်ပစ္စည်း၊ စား သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအပါအဝင် တခြားပစ္စည်းပေါင်း တစ်ထောင်ကျော် ရှိကြောင်းလည်း သိရသည်။

တရုတ်နယ်စပ်မှ တင်သွင်းသည့် ကုန် ပစ္စည်းများသည် ပလတ်စတစ်နဲ့ နို့ထွက်ပစ္စည်းများ၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ ၊လျှပ်စစ်ပစ္စည်းများ၊ သံနှင့် အိမ်ဆောက်ပစ္စည်းများ၊ ချည်ထည်၊ ရေထွက်ပစ္စည်း၊ မော်တော်ယာဉ် စက်ပစ္စည်းများ ဖြစ်ကြကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ တင်သွင်းကုန်ပစ္စည်းများကိ စစ်ဆေးမှု တင်းကြလိုက်သည့်အတွက် ကုန်ပို့ဆောင်မှု အချိန်ကြန့်ကြာမှု ရှိသလိုငွေကြေးကောက်ခံမှုနှင့် ပစ္စည်းသိမ်းယူမှုမျာကြောင့် အချို့သွင်းကုန် လုပ်ငန်းမျာ ရပ်နားရသည် အထိရှိ နေကြောင်းလည်းကုန်သည်များထံမှ  သိရသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...