ပင်လောင်းစစ်ရှောင်များ ရာသီဉတုအပြောင်းအလဲကြောင့် ချောင်းဆိုး၊ ဖျားနာ

ပင်လောင်းစစ်ရှောင်များ ရာသီဉတုအပြောင်းအလဲကြောင့် ချောင်းဆိုး၊ ဖျားနာ

သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် ရာသီဉတုအပြောင်းအလဲကြောင့် စစ်ရှောင်များချောင်းဆိုးခြင်း၊ ဖျားနာခြင်း ကြုံတွေ့ရကြောင်း သတင်းသိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် ကျေးလက်ဒေသမှ ရွာနှင့်ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ဦးရေ (၅၀၀၀) ကျော်ထဲမှ စစ်ရှောင်စခန်းများသည် (၁၄) နေရာရှိကြောင်း သိရသည်။

ထို စစ်ရှောင်စခန်း (၁၄) နေရာထဲမှ စစ်ရှောင်စခန်းတစ်ခုလျှင် လူဦးရေ (၂၀) ခန့်က ချောင်းဆိုးခြင်း၊ ဖျားနာခြင်းနှင့် တုပ်ကွေး ဖြစ်ပွားနေကြောင်း စစ်ရှောင်ကူညီသည့်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တချို့တွေက ရာသီဉတု၊ ရေတွေ အပြောင်းအလဲအမျိုးမျိုးကြောင့် ချောင်းဆိုး၊ ဖျားနာကြတယ်။ တချို့လည်း တုပ်ကွေးဖြစ်ကြတယ်။ စစ်ရှောင်စခန်းတစ်ခုမှာ ပျှမ်းမျှလူဦးရေ ၂၀၀ လောက်ရှိပါတယ်။ တစ်ယောက်ဖြစ်ရင် ကူးကုန်ကြတယ်။ တချို့လည်း ပြန်ပျောက်သွားလိုက်၊ ပြန်ဖြစ်လိုက်နဲ့ ပုံမှန်စစ်ရှောင်တစ်ခုမှာ စစ်ရှောင်ဦးရေ ၂၀ ယောက်တော့ ဖျားနေတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ချောင်းဆိုး၊ ဖျားနာနေသည့် စစ်ရှောင်များကို နယ်လှည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ပအိုဝ်းဒေသကျန်းမာရေး၊ လုပ်ငန်းဖော်ဆော်ရေးကော်မတီ PHWC မှ ဆေးဝါးကုသပေးနေကြောင်း တာဝန်ခံတစ်ဦးက ပြောသည်။

“ အခု စစ်ရှောင်တွေရဲ့ ကျန်းမာရေးအခြေအနေတွေက နှာချေး၊ ချောင်းဆိုးတွေပဲ အဖြစ်များတယ်။ သွေးတိုးနဲ့ ဆီးချိုသမားတွေ နည်းနည်းရှိတယ်။ ဆေးဝါးတွေ အတွက်တော့ ကျွန်တော်တို့အဖွဲ့က ထောက်ပံ့ပေးပါတယ် “ ဟု ၎င်းတာဝန်ခံက ပြောသည်။

အလားတူ ပင်လောင်းမြို့၏ တောက်ဘက်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည့် စစ်ရှောင်ဦးရေ (၃၀၀၀) ကျော်သည်လည်း ရေခြားပြဿနာနှင့် ကြုံတွေ့နေရသဖြင့် ရေကိုဝယ်သုံးနေရကြောင်း စစ်ရှောင်ကူညီသူ ဒေသခံအမျိုးသားတစ်ဦး ကထပ်လောင်းပြောသည်။

“ ပင်လောင်းမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ စစ်ရှောင်တွေက ရေဆင်းခပ်လည်းမရ၊ ဆင်းကူးလို့လည်းမရဘူး။ အဲ့ဖက်မှာ ရေရှားတယ်။ ပင်လောင်းမြို့ပေါ်မှာ ရေသွားဝယ်ရတယ်။ တချို့ (၄)မိုင်၊ (၅) မိုင် ဝေးတဲ့နေရာဆို တစ်ခေါက်ကို ငါးသောင်းပေးရတယ်။ ရေတွေဝယ်သုံးနေရတယ် “ ဟု ၎င်းအမျိုးသားက ပြောသည်။

လက်ရှိအချိန်ထိ ပင်လောင်းမြို့နယ်မှ စစ်ရှောင်များဦးရေ (၅၀၀၀) ကျော်သည် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် (NGO) များမှ ထောက်ပံ့မှုများ မရရှိသေးကြောင်း စစ်ရှောင်ကူညီပေးသည့် ဒေသခံများ၏ ပြောချက်အရ သိရသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...