ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရန် လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်း FPNCC အစည်းအဝေးပြီးထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရန် လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်း FPNCC အစည်းအဝေးပြီးထုတ်ပြန်

“၀”ပြည်နယ်၊ ပန်ခမ်းမြို့တွင်  မတ်လ (၁၅) ရက် မှ (၁၆) ရက်နေ့အထိ ကျင်းပခဲ့သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) လုပ်ငန်းအစည်းအဝေးမှ ထုတ်ပြန်ချက် တစ်စောင်ကို ယနေ့ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အထဲတွင် မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ မိမိတို့ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တစ်ရပ်ကို တည်ထောင် ကြရမည်ဟု ယူဆပါကြောင်း၊

၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိနေသော်လည်း နောက်ဆုံးတွင် မိမိတို့ လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းသွားရေး အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံကြောင်း ဖော်ပြထားသည်။

(FPNCC) အဖွဲ့ဝင်တိုင်းကို ကိုဗစ်-၁၉ ကပ်ရောဂါကာလအတောအတွင်း အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် သဘောထားပြည့်ဝစွာဖြင့် နှောင်ကြိုးမဲ့အကူအညီများ ပေးအပ်ခဲ့သော တရုတ် အစိုးရကို ကျေးဇူးအထူးတင်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင်လည်း မိမိတို့အနေဖြင့် တရုတ် အစိုးရနှင့် ဆက်လက် လက်တွဲပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို တိုးမြှင့်ဆောင်ရွက်ရင်း ကျန်းမာရေးလူမှုရေး နှင့် လူဝင်မှု၊ ကုန်သွယ်ကူးသန်းသွားလာရေးအပိုင်းနှင့် တခြားသော ကဏ္ဍအသီးသီး၌လည်း ပူးပေါင်းလုပ်ဆောင် သွားကြမည်ဖြစ်ပါကြောင်း ဆက်လက် ဖော်ပြထားသည်။

“၀”ပြည်နယ်၊ ပန်ခမ်းမြို့တွင်  ပြုလုပ်သော အစည်းအဝေးသို့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊  ရှမ်း/ရှေ့ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ(MNTJP)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး(PSLF) တို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...