စစ်ကောင်စီ အစိုးရရုံးများကို ခြံစည်းရိုးအခိုင်အမာခတ်ပြီး CCTV များကိုပါ တပ်ဆင်

စစ်ကောင်စီ အစိုးရရုံးများကို ခြံစည်းရိုးအခိုင်အမာခတ်ပြီး CCTV များကိုပါ တပ်ဆင်

ရန်ကုန်တိုင်းတွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာ အစိုးရရုံးများကို အုတ်တံတိုင်းများ ဆူးကြိုးခွေများ ဇကာများဖြင့် ခြံစည်းရိုးများအခိုင်အမာခတ်ထားပြီး CCTV များကိုပါ တပ်ဆင်လျက်ရှိနေသည်ဟု ရန်ကုန်မြို့နေထိုင်သူများထံမှ သိရသည်။

လက်ရှိတွင် ၎င်းတို့ဌာနဆိုင်ရာရုံးများတွင်လက်နက်ကိုင်များဖြင့် ရဲကင်းများထားရှိထားသည့်အပြင် အုတ်တံတိုင်းအမြင့်များဖြင့် ဆက်လက်တည်ဆောက်နေပြီး တစ်နေရာတွင် CCTV သုံးခုခန့် တပ်ဆင်နေသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

အဆိုပါ အကာအကွယ်များကို ၂၀၂၂ခုနှစ် အောက်တိုဘာလမှစတင်လုပ်ဆောင်နေခဲ့ခြင်းဖြစ်ပြီး ယခုတွင် ရန်ကုန်မြို့ နေရာအနှံ့ရှိ ဌာနဆိုင်ရာရုံးများကို ထပ်မံပြုပြင်လုပ်ဆောင်မှုများကိုပင် ဆက်လက်လုပ်ဆောင်နေကြသည်ဟု သိရသည်။

"2022ခုနှစ် 10/11လပိုင်းလောက်ထဲက အဲ့တာ တွေ က တစ်ခုချင်းစီ နည်းနည်းချင်း လုပ်နေကြတာ။အခုမှ ပြီးတဲ့ ရုံးတွေက ပြီးတယ် ။လုပ်နေတာတွေက လုပ်နေကြတုန်းပဲ။တောင်ဒဂုံ မြို့နယိ အုပ်ချုပ်ရေးမှူးရုံးဆိုရင် သံဇကာနဲ့ကို မဟုတ်ဘူးအုတ်ဘောင်ပါ ထပ်လုပ်နေတာ။ လက်စတောင် မသပ်သေးဘူးအထဲက ထောင်ထားတဲ့ ဆိုင်းဘုတ်ပါ မြုပ်နေပြီ"ဟု ရန်ကုန်မြို့တွင်း နေထိုင်သူတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ၂၀၂၂ခုနှစ် လအစပိုင်းကတည်းကပင် ရန်ကုန်မြို့လယ်ခေါင်နေရာများတွင် နှစ်ထပ်တိုက် ဘန်ကာများဆောက်လုပ်၍ အကာအကွယ်များလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုတွင်မူ ရန်ကုန်မြို့နေရာအနှံ့ရှိ ရဲစခန်းများနှင့် အုပ်ချုပ်ရေးမှူး‌ရုံး ၊စည်ပင်ရုံး၊ အခွန်ရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး ၊ လိုင်စင်ရုံး အစရှိသဖြင့် အစိုးရရုံးများကိုပါ လုံခြုံရေးအကာအကွယ်များ လုပ်ဆောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီး နှစ်နှစ်ကျော်အထိ မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ခံနေရဆဲဖြစ်သဖြင့် ၎င်းတို့၏ ဌာနဆိုင်ရာရုံးများကိုလည်း ပိုမိုတင်းကျပ်သည့် လုံခြုံရေးများ တိုးမြှင့်လုပ်ဆောင်နေရဆဲ ဖြစ်ကြောင်းကိုလည်း တွေ့နေရသည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...