လောင်းလုံးမြို့နယ် ပညစ်ရွာကို စစ်ကောင်စီတပ်မီးရှို့၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

လောင်းလုံးမြို့နယ် ပညစ်ရွာကို စစ်ကောင်စီတပ်မီးရှို့၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပညစ်ကျေးရွာကို မတ် ၁၀ ရက်နေ့ မနက်ပိုင်းမှာ စစ် ကောင်စီတပ်က ဝင်ရောက်မီးရှို့နေတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့ မနက် ၇ နာရီလောက်မှာ လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာကနေ ပညစ်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေကို အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခဲ့တာပါ။

စစ်ကောင်စီတပ် မီးရှို့ထားတာကြောင့် ကနဦးမှာ ဒေသခံ နေအိမ် ၃ လုံးထက်မနည်း မီးလောင်ပျက်စီးထားပြီး မီးလောင်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပညစ်ကျေးရွာကို မီးရှို့ထားတဲ့ စစ်ကောင်စီတပ် ကျေးရွာထဲမှာ ဆက်ရှိနေတာကြောင့် ဒေသခံ ၇၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်နဲ့နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ကလည်း စစ်ကောင်စီ စစ်ကြောင်းဟာ ကရင်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးထားပါတယ်။

လောင်းလုံးမြို့နယ်ထဲကို စစ်ကြောင်းလာတဲ့ စစ်ကောင်စီတပ်ဟာ ရွာစဉ်လှည့်ပြီး မီးပတ်ရှို့နေတဲ့အတွက် ကရင်ကြီး၊ သဘော့ဆိပ်၊ ကမ်းပနီ၊ ကျောက်ဆင်အပါအဝင် ကျေးရွာ ၇ ရွာလောက်က ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...