စစ်ကောင်စီလက်ထက် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၆၀,၀၀၀ ကျော်သာရှိ

စစ်ကောင်စီလက်ထက် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၆၀,၀၀၀ ကျော်သာရှိ

စစ်ကောင်စီလက်ထက်တွင် ဒုတိယအကြိမ်မြောက်ကျင်းပသည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တနိုင်ငံလုံးမှဝင်ရောက် ဖြေဆိုသူ ၁၆၀,၀၀၀ ကျော်သာရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ၁၇၉,၈၄၃ ရှိသော်လည်း ယနေ့ မတ်လ ၈ ရက် စာမေးပွဲပထမနေ့တွင် မြန်မာစာဖြေဆိုသူ ၁၆၁,၈၅၁ ဦးသာ ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ အခြေခံပညာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရသိရသည်။

“စာမေးပွဲပထမနေ့မှာတွင် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖြေဆိုသူ ၁၆၀,၀၀၀ ကျော် (တစ်သိန်းခြောက်သောင်းကျော်) ပဲရှိတယ်။ ကျန်တဲ့ရက်တွေမှာ မေးခွန်းအခြေအနေရယ်၊ ကျောင်းသားတွေရဲ့ဖြေဆိုနိုင်မှုအပေါ်မူတည်ပြီး ပျက်ကွက်တွေရှိလာဦးမှာပါ” ဟု ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှ ဘာသာရပ်ပြဆရာမတစ်ဦးက ဆိုသည်။

တနိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စာစစ်ဌာန ၈၅၈ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ၅ ခု စုစုပေါင်း စာစစ်ဌာန ၈၃၆ခု ရှိကြောင်းသိရသည်။

စာမေးပွဲဖြေဆိုသူများတွင် ရန်ကုန်တိုင်းအတွင်းမှ ၂၃,၈၀၇ ဦးဖြင့် အများဆုံးဝင်ရောက်ဖြေဆိုပြီး၊ တိုက်ပွဲပြင်းထန်ပြီး နယ်မြေငြိမ်သက်မှုမရှိသည့် ကယားပြည်နယ်အတွင်းမှ ၉၂၁ ဦးဖြင့် အနည်းဆုံး ဝင်ရောက်ဖြေဆိုခြင်းဖြစ်သည်။

ယခုကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲသည် ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီကဆိုသည်။

“တချို့ကျောင်းသားမိဘနဲ့ ကျောင်းသားတွေကလည်း ဒီနှစ်က သင်ရိုးဟောင်းနောက်ဆုံးဆိုတော့ ဝင်ဖြေကြတာပေါ့လေ။ ကျောင်းသားတချို့ကလည်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့စာမေးပွဲဖြစ်လို့ CDM လုပ်တဲ့အနေနဲ့ ဝင်ရောက်မဖြေဆိုတာဖြစ်မယ်” ဟု အထက်ပါဆရာမက မှတ်ချက်ပြုပြောဆိုသည်။

စစ်ကောင်စီလက်ထက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားကျောင်းသူ နှစ်သိန်း ရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ တစ်သိန်းသုံးသောင်းကျော် အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံး အောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်မှုရာခိုင်နှုန်းများနှင့် ပတ်သက်၍ အနီးစပ်ဆုံးအနေဖြင့် အရပ်သားအစိုးရလက်ထက်၂၀၂၀ခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၉၁၀,၂၂၉ ဦး ဖြေဆိုခဲ့ ပြီး ၂၉၁,၇၉၈ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၃၂ . ၀၆ ရာခိုင်နှုန်း ရှိခဲ့သည်။

စာတည်း ။ ။ Alden

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...