ဦးဖြိုးမင်းသိန်းအပါအဝင် (၄) ဦးကို NLD ပါတီက ထုတ်ပယ်

ဦးဖြိုးမင်းသိန်းအပါအဝင် (၄) ဦးကို NLD ပါတီက ထုတ်ပယ်

စစ်ကောင်စီနဲ့ပူးပေါင်းပြီး သက်သေထွက်ဆိုခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်း အပါအဝင် ပါတီဝင်(၄) ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက ထုတ်ပယ်လိုက်တယ်လို့ ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဆုံးဖြတ်ချက်ကို ပါတီ ဗဟိုအလုပ်ကော်မတီ ကမတ်လ(၂) ရက်နေ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

သူတို့တွေဟာ ပါတီရပ်တည်ချက်ကို ဆန့်ကျင်ပြီး ပါတီနာမည်ကို အလွဲသုံးစားလုပ်ဆောင်ခဲ့တဲ့ အပြင် စစ်ကောင်စီအလိုကျလိုက်နာဆောင်ရွက်ပြီး ကိုယ်ကျိုးရှာလုပ်ဆောင်နေတဲ့အတွက် အခု လိုထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပါတီကထုတ်ပယ်ခံလိုက်ရသူတွေဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ဒေါ်စန္ဒာမင်း၊ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင်တို့ဟာ ပြည်သူ့ဆန္ဒကို လေးစားမှုမရှိတဲ့အပြင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန်သက်သေထွက်ဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ အထောက်အထားတွေခိုင်ခိုင်လုံလုံရရှိထားတယ် လို့ NLD က ဆိုထားပါတယ်။

ပြည်သူ့ဆန္ဒကို ကျောခိုင်းကာ ပါတီမူဝါဒတွေနဲ့ ဆန့်ကျင်လုပ်ဆောင်နေသူတွေကို အရေးယူပေးဖို့ တင်ပြချက်တွေအရ သူတို့တွေကို ပါတီဝင်အဖြစ်က ထုတ်ပယ်လိုက်တာဖြစ်ပြီး သူတို့ရဲ့ ပြောဆို ဆောင်ရွက်ချက်တွေဟာ NLD ပါတီနဲ့ လုံးဝသက်ဆိုင်တာမရှိတော့ဘူးလို့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီရဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်အဆင့်ဝန်ကြီးတွေကို စစ်တပ်က အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးတာတွေလုပ်ဆောင်ကာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က သက်သေထွက်ဆိုပေးခဲ့တဲ့ ဦးဖြိုးမင်းသိန်းကိုတော့ ဒဏ် ငွေ (၁) သိန်းသာချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ်ကော်မတီနဲ့ ပါတီက ထုတ်ပယ်ခံခဲ့ရတဲ့ ဦးဖြိုးမင်းသိန်း၊ဒေါ်စန္ဒာမင်းတို့ကို သံလွင်တိုင်းမ် ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...