တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ်ပြော

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ်ပြော

အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ အင်အားကြီးနိုင်ငံလည်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို မျှခြေ တစ်ခုရှိအောင်စဉ်းစားပြီး ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၈) ရက်နေ့ကကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၈) ကြိမ်မြောက်အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

“တော်လှန် ရေးအင်အား အစစ်အမှန်က ပြည်တွင်းမှာ ရှိတယ်ဆိုတာ မှန်ပေမယ့် ပြည်တွင်းစစ်ရေး အခြေအနေ၊ နိုင်ငံရေးအခြေအနေများသာမကပဲ နိုင်ငံရပ်ခြားအထောက်အပံ့ အကူအညီများ၊ ဒဏ် ခတ်ပိတ်ဆို့မှုများ၊ နယ်စပ်ဖြတ်ကျော်ပြီး လူသားစာနာ အကူအညီများအတွက် ဆက်သွယ်ရေးလမ်း ကြောင်းများ ရရှိနိုင်မှု စတဲ့ကဏ္ဍများဟာလည်း တော်လှန်ရေး ချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်တာ ကြောင့် အားစိုက်ဆောင်ရွက်ကြရမယ့် ကဏ္ဍများ ဖြစ်ပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတွင်းနေထိုင်ဖို့ မဖြစ်နိုင်တော့ လို့ နယ်စပ်ဒေသတွေမှာ ရောက်ရှိနေကြတဲ့ တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေနဲ့ CDM တွေ အတွက် အတိုင်းအတာတခုအထိ လုံလုံခြုံခြုံနေထိုင်ခွင့်ရအောင် ဝိုင်းဝန်းကြိုးပမ်းပေးဖို့လည်း အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။

NUG အစိုးရဟာ တော်လှန်အစိုးရဖြစ်တာကြောင့် တော်လှန်ရေးရဲ့ လိုအပ်ချက်အရ စီမံဆောင်ရွက် ရမှာတွေကို မလစ်ဟင်းစေဘဲ တစ်ဖက်ကလည်း အစိုးရတစ်ရပ် ပီသစွာ ယန္တရားတွေကို ကောင်းမွန် စွာ လည်ပတ်နိုင်အောင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့လည်း ဆိုခဲ့ပါတယ်။

အဲဒီနောက် အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက လိင်ပိုင်းဆိုင်ရာ ထိပါးနှောက် ယှက်ခြင်း၊အမြတ်ထုတ်ခြင်းနဲ့ မဖွယ်မရာပြုမှုခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒနဲ့ ပတ်သက် ပြီး တင်ပြဆွေးနွေးတာတွေလုပ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ ကြပါတယ်။

Most read this week

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...