စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၁)၊ အုံကျေးရွာတွင် ဇန်နဝါရီလ ၃၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့ပေါ်ရှိ ခလ၇ ၂၇၄ တပ်ရင်းမှ ရမ်းသမ်းပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် အုံကျေးရွာ ဆေးခန်းအနီးတွင် ၃ ကြိမ်ကျရောက်ပေါက်ကွဲကာ အသက် ၁၄ နှစ်အောက် မိန်းကလေး ၃ ဦးနှင့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ကြောင့် အသက် ၄၂ နှစ် အရွယ်အမျိူသမီးတစ်ဦး ဘယ်ညာပေါင်ရိုးထိ၊ အသက် ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦး လက်မောင်းကျည်ထိ၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ဘယ်တံတောင်ဆစ်ကျည်ထိ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ဘယ်လက်ကျည်ထိ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ထို့အပြင် ကျေးရွာဆေးခန်း၊ ဂျစ်ကား (၁) စီး၊ လူနေအိမ်တစ်လုံး လက်နက်ကြီးဗုံးဆံထိမှန်ပျက်စီးခဲ့သည်။ စစ်ကောင်စီ၏ ဂျက်တိုက်လေယဉ်များလည်း မင်းတပ်မြို့နယ်အတွင်း နေ့တိုင်း ပျံဝဲလျက်ရှိပြီး လွန်ခဲ့သော (၁) ပတ်အတွင်း (၃) ကြိမ်အထက် ညဉ့်ဦးယံအချိန်များတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...
August 11, 2026
- ရက် ၁၀၀ စီမံကိန်းအတွင်း စစ်တပ်အုပ်စု ဗုံးကြဲမှုကြောင့် ရခိုင်မှာ အရပ်သားသေဆုံးဒဏ်ရာရရှိမှု...
August 11, 2026
- ရှမ်းပြည်မြို့တော် တောင်ကြီးမြို့မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ဝန်ထမ်းတွေက...
August 10, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးအဖွဲ့များ၏ အမည်ကို အလွဲသုံးစားပြုလုပ်ကာ လက်နက်အတု...