ရွာငံမြို့ အဝင်ဂိတ် စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်ဆိုင်ကယ်ဆင်းတွန်းဖြတ်သွားနေရ

ရွာငံမြို့ အဝင်ဂိတ် စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်ဆိုင်ကယ်ဆင်းတွန်းဖြတ်သွားနေရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ ဝင်၊ ထွက်များကို စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်နေပြီး ဆိုင်ကယ်သမားများ ကို လည်း ဆင်းတွန်းဖြတ်ခိုင်းကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက ရွာငံမြို့နယ်ထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရှိသည်ဟု ဆိုကာ အသွားလာတိုင်းကို စစ်ဆေးရေးတင်းကြပ်နေပြီး ကျေးရွာတစ်ချို့ထဲတွင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်းသိရသည်။

“ သူတို့စစ်ဆေးနေတာက ကြာပြီ။ အခုချိန်ထိပဲ စစ်ဆေးနေတယ်။ မြို့ဝင်၊ မြို့ထွက်ဂိတ်ဆိုရင် ဆိုင်ကယ်သမားတွေ ဆင်းတွန်းပြီး ဖြတ်သွားရတာ။ တစ်ခါတစ်လေဆို သူတို့ စစ်ဆေးတယ်။ ကျေးရွာတွေထဲမှာလည်း သူတို့နေတယ်။ PDF ရှိတယ်ဆိုပြီးတော့ သူတို့က စစ်ဆေးနေတာ” ဟု ရွာငံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ စစ်ဆေးမှုကြောင့် ပြည်သူများ ခရီးကို ဖြောင့်ဖြူးစွာသွားလာခွင့်မရဘဲ စစ်ကောင်စီက လွယ်အိတ်များ ဖုန်းများလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“ အသွားအလာလုပ်ရတာအရမ်းခက်ခဲတယ်။ ဆင်းတွန်းလိုက်နဲ့ သူတို့ စစ်တာခံလိုက်နဲ့ သွားလာနေရတာ။ တစ်ခါတစ်လေကလည်း ရစ်သေးတယ်။ လွယ်အိတ်တွေထဲလည်း အကုန်စစ်တာ” ဟု ကိုယ်တိုင်ခံရသူက ပြောသည်။

ထိုအပြင် စစ်ကောင်စီတပ်က ကျေးရွာထဲတွင် စစ်ရေးထိုးစစ်ဆင်တာရှိသည့်အပြင် နေအိမ်များတစ်ချို့ကိုလည်း မီးရှိုးဖျက်ဆီးလျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့်အောက်တိုဘာလအတွင်းတွင်လည်း ကျောက်ငှက်ကျေးရွာထဲရှိ နေအိမ်အချို့ကိုလည်း စစ်ကောင်စီက မီးရှိုးဖျက်ဆီးခဲ့ကြောင်း ရွာငံမြို့ ဒေသခံ အမျိုးသမီးပြောပြချက်အရသိရသည်။

“ တစ်ချို့ရွာမှာတွေမှာတော့ စစ်တပ်က အခြေချပြီးနေနေတာရှိတယ်။ အရင်လဆိုရင် စစ်ကြောင်းထိုး တာတွေ ရှိတယ်။ ပြီးတော့ ကျောက်ငှက်ကျေးရွာမှာ ဆိုရင်လည်း နေအိမ်ကို မီးရှိုးတာဖျက်ဆီးတာ။ ပြည်သူတစ်ချို့ ဆိုရင် ထွက်ပြေးတိမ်းရှောင်နေရတာ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရွာငံမြို့နယ်ထဲတွင် စစ်တပ်ဖွဲ့တွေက အင်အားဖြည့် နေထိုင်လျက်ရှိပြီး တော်လှန်သူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ နေအိမ်မီးရှိုးခြင်း ကို ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...