သံတောင်-တောင်ငူလမ်းပေါ် ရဲနှစ်ဦးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်အင်အားတိုးချဲ့

သံတောင်-တောင်ငူလမ်းပေါ် ရဲနှစ်ဦးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်အင်အားတိုးချဲ့

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်ရှိ တောင်ငူ-သံတောင်လမ်းမပေါ်တွင် မေလ ၅ရက်နေ့ မနက်က ရဲတပ်ဖွဲ့ဝင်(၂)ဦး ပစ်သတ်ခံရပြီးနောက် ၎င်းလမ်းမနှင့် အနီးဝန်းကျင်တွင် စစ်ကောင်တပ်ဖွဲ့ဝင်များ အင်အားလာချပြီး ရပ်ကွက်အတွင်း ကင်းလှည့်ခြင်းလည်းရှိသည်ဟု သိရသည်။

မေလ ၅ရက်နေ့က သံတောင်မြို့မှ အရပ်ဝတ်နှင့် ဆိုင်ကယ်စီးလာသည့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို အဆိုပါ လမ်းမပေါ်ရှိ မြို့အဝင် စိုက်ပျိုးရေးတံတားအနီးတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့-သံတောင်(PDF)က ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး သေဆုံးခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့က မြို့အဝင်ဂိတ်တွင် အင်အားတိုးချဲ့ချထားခြင်းဖြစ်သည်ဟု အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

အဆိုပါဒေသခံက “မနေ့က အဲဒီမှာ ရဲနှစ်ဦး ပစ်သတ်ခံတဲ့နောက်မှာ စစ်တပ်တွေရောက်လာပြီး ၁၁နာရီလောက်မှာ သေနတ် ၂ချက် ပစ်ဖောက်တယ်။ ပြီးတော့ မြို့အဝင်ဂိတ် နဲ့ရွာသွားတဲ့လမ်းခွဲမှာ စစ်တပ်ကအင်အားလာတိုးချတယ်။ မနေ့ညနေတုန်းက ရပ်ကွက်ထဲမှာ စစ်တပ်တွေက ရပ်ကွက်မှာ လိုက်ပတ်တာရှိတယ်။ ည ၉နာရီအချိန်မှာလည်း စစ်တပ်ဘက်က တစ်ခေါက် သေနတ်ဖောက်သေးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုနေ့ညဘက်တွင် သံတောင်မြို့ရှိ ရပ်ကွက်အတွင်းမှ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာ ဖွေစစ်ဆေးမှုများလည်း ရှိခဲ့သည့်အပြင် သံတောင်မြို့ရှိ သချိုင်းကုန်းနှင့် ခြံများထဲတွင်လည်း PDF တပ်ဖွဲ့ဝင်များကို ရှာဖွေမှုများရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မေလ ၂ရက်နေ့တွင်လည်း သံတောင်-တောင်ငူလမ်းမကြီးပေါ်တွင် ဆိုင်ကယ်စီးလာသည့် လူငယ်(၃)ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးထားခဲ့သည်ဟု သိရသည်။

အဆိုပါ သံတောင်-တောင်ငူလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သူများကို နယ်မြေခံ ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့က မကြာခဏ ဝင်ရောက်ပစ်ခတ်ခဲ့သလို ပြီးခဲ့သည့် ဧပြီလ (၇)ရက်နေ့တွင် သံတောင်ရှိ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရပြီးနောက် အဆိုပါဒေသရှိ လူထု (၁၀)ဦးထက်မနည်း စစ်ကောင်စီ၏ ဖမ်းဆီး ခြင်းခံရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ထိုဒေသမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောင်ငူခရိုင်၊ တပ်မဟာ(၂)နယ်မြေဖြစ်ပြီး မေလ ၄ရက်နေ့က လည်း အင်အား ၅၀ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးလက်နက်ငယ် အမြောက်အများဖြင့် တောင် ငူခရိုင်၊ ထန်းတပင်မြို့နယ်ထဲရှိ လှည်းဘွဲကြီး PDF စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် PDF ရဲဘော်တစ်ဦး ဒဏ်ရာရရှိသလို ထိုစခန်းထဲရှိ NLD သံတောင်လွှတ်တော်အမတ် နော်ခရစ်ထွန်း၏ ခင်ပွန်းဖြစ်သူ ဦးစိုင်းမောင်အံလည်း သေနတ်ထိမှန် သေဆုံးသွားခဲ့ပြီး စခန်းကိုလည်း စွန့်ခွာခဲ့ရသည် ဟု သိရသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...