စိုက်ခင်းအတွင်း မီးရိူ့ထားသည့် စစ်ကောင်စီတပ်သားအလောင်း ၄ လောင်းတွေ့ရှိ

စိုက်ခင်းအတွင်း မီးရိူ့ထားသည့် စစ်ကောင်စီတပ်သားအလောင်း ၄ လောင်းတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ ရွာသာကျေးရွာအနီးရှိ စိုင်ခင်းတစ်ခုတွင် စစ်ကောင်စီတပ်သားအလောင်း ၄ လောင်းကိုဖေဖော်ဝါရီလ ၂၇ရက်နေ့တွေ့ရှိခဲ့ကြောင်းသိရသည်။

သေဆုံးနေသည့် အလောင် ၄လောင်းမှာ ထီးချိုင့်နယ်၊ရွာသာကျေးရွာနှင့် ဆပ်ပြေးရွာကြားရှိ ယူကလစ်စိုက်ခင်းထဲတွင်တွေ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား၏ရုပ်အလောင်းများဖြစ်သည်ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

”အဲ့ဒီရုပ်အလောင်းတွေကသူတို့စစ်သားတွေကပဲရိူ့သွားတာဗျ။ မလောင်ဘဲကျန်နေတဲ့ ရုပ်အလောင်းတွေကို ပြည်သူတွေကထပ်ရိူ့ပေးလိုက်တယ်”ဟု ထီးချိုင့်PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းရုပ်အလောင်းများတွေ့ရှိရသည့်ဖြစ်စဥ်အနီးတွင် စစ်ကောင်စီတပ်နှင့် PDF တပ်တို့ ဖေဖော်ဝါရီလ ၂၆ရက်နေ့ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး ယင်းတိုက်ပွဲများအတွင်းကျဆုံးခဲ့သည့်ရုပ်အလောင်းများကိုမီးရှို့ခြင်းဖြစ်နိုင်ကြောင်းသိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၇ရက်နေ့ကလည်း ဗန်းမော်-မန္တာလေးအဝေးပြေးလမ်း မကြီးပေါ်၌ ထီးချိုင့်PDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ (၁၃)ဦးခန့် သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင်ပြည်သူများ ပိုမိုများပြား‌လာနေဆဲဖြစ်ကြောင်း သိရသည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...