ပူတာအိုဒေသတွင် စစ်ရေးပြင်းထန်လာနိုင်ကြောင်း ဒေသခံများပြော

ပူတာအိုဒေသတွင် စစ်ရေးပြင်းထန်လာနိုင်ကြောင်း ဒေသခံများပြော

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့ စစ်ရေးလှုပ်ရှားမှုများ ယခင်ထက် များလာသောကြောင့် စစ်ကောင်စီတပ်ဖွဲ့နှင့် အချိန်မရွေးတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား လာနိုင်သည်ဟု ဒေသခံများ သုံးသပ်ပြောဆိုနေကြသည်။

လက်ရှိနိုင်ငံရေး အခြေအနေနှင့်ပတ်သက်ပြီး KIO ၏ ဇန်နဝါရီလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အပြီးတပတ်အကြာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ပူတာအိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် PDF တို့မှ စတင်တိုက်ခိုက်လာခြင်း ဖြစ်သည်။

“ဒီဘက်မှာ KIA နှင့် PDF အဖွဲ့တို့ စစ်အင်အားအပြည့်နဲ့ စစ်ရေးလှုပ်ရှားလာတာ ၃ ရက် လောက်ရှိပြီ။ အဲ့ဒါကို ကြည့်မယ်ဆိုရင်တော့ ဒီပူတာအိုဘက်ကို တိုက်ပွဲဆက်တိုက်ဖြစ်လာနိုင်တယ်။ အခုဆိုရင်လည်း မနေ့ကဘဲ စစ်ကောင်စီရဲ့ တပ်စခန်း ၂ခုကို KIA က ဝင်တိုက်ပြီး မီးရှို့ ဖျက်ဆီးတာ လုပ်သွားတယ်” ဟု ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပူတာအိုမြို့နယ်အတွင်းရှိ ဆွမ်ပီယန်နှင့် လုံရှာယန်ကျေးရွာ ၂ခုတွင် တပ်ချထားသည့် စစ်ကောင်စီ၏ တပ်စခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့က တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်စခန်း ၂ခုတွင် ပြည်သူ့စစ်အပါအဝင် စစ်အင်အား ၃၀ ဝန်းကျင်ခန့်ရှိသည့် တပ်စခန်းများဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။

ထို့အပြင် နောင်မွန်မြို့နယ်ထွေအုပ် နမ်ရဲမင်နှင့် ချန်တန်ခင်တို့နှစ်ဦးကိုလည်း ပြည်သူလူထု စိတ်အနှောက်အယှက်ဖြစ်စေသည့် ကိစ္စများ၊ CDM  ဝန်ထမ်းများအားဖမ်းဆီးလုပ်ဆောင်ခြင်းကို လုံးဝ ရပ်နားဖို့ ၃ ရက် သတိပေးစောင့်မည်ဟု PUTAO PDF အဖွဲ့က ဖေဖော်ဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းနေထိုင်သော မဂွေဇဂိတ်သတိထားရန်နှင့် ပြည်သူ့စစ်များ အမြန်လက်နက်ချရန် PUTAU PDF က သတိပေးထားသည်။

ဆွမ်ပရာဘွမ်မြို့နယ်နှင့် ပူတာမြို့နယ် ၂ ခုကြားတွင် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က စစ်အင်အား တင်ကြပ်ထားသည့်အတွက် ၂ ဖက်တပ် တိုက်ပွဲများ ဖြစ်ပွားလာလျင် စစ်ကောင်စီဘက်က လေကြောင်းလိုင်းဖြင့် လာရောက် ဗုံကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနိုင်သည်ဟု ပူတာအိုဒေသခံတစ်ဦးက ဆက်ပြောသည်။

“အခုက ဆွမ့်ပရာဘွမ့်နဲ့ပူတာအိုကြားမှာ KIAနဲ့ PDF အဖွဲ့က စစ်အင်အားအရမ်းတင်းကြပ်ထားတယ်။ ပြောရရင် စစ်အင်အား တော်တော်ပြည့်တယ်လို့ ပြောလို့ရတယ်။ တစ်ချို့နေရာမှာဆိုရင် PDF အုပ်စိုး နယ်မြေအဖြစ် ရှိနေကြပြီ။ အဲ့ကြောင့် မကြာခင် စစ်ကောင်စီတပ်ဘက်ကလည်း ပြန်ပြီး တုန့်ပြန်လာနိုင်တယ်။ ဒါပေမယ့်သူတို့က ကုန်းလမ်းနဲ့တော့ လာမှာမဟုတ်တော့ဘူး။ လေကြောင်းနဲ့ဘဲ အကြီးအကျယ်လာတိုက်လိမ့်မယ်။ မနေ့က KIA သူတို့စခန်း ၂ခု သိမ်းတာကို လာမတိုက်ဘူးဆိုတာက သူတို့ရဲ့စခန်းအငယ်တွေသာဖြစ်တဲ့အတွက် လာမတိုက်ဘူးလို့ ပြောလို့ရမယ်။ ပြီးရင် ရာသီဥတုကလည်း သိပ် မကောင်းတာလည်း ပါလိမ့်မယ်။ ဒေသခံတစ်ချို့ဆို လေကြောင်းလိုင်းနဲ့ လာတိုက်မှာကို ကြောက်လန့်နေကြတယ်” ဟု ပြောဆိုသည်။

ပူတာအိုမြို့နယ်တွင် ယခုလို နှစ်ဖက်တိုက်ပွဲပြင်းထန်လာမည့်အခြေအနေကြောင့် ကျေးရွာပြည်များက တိုက်ပွဲပြင်းထန်လာမည်ကိုစိုးရိမ်သဖြင့် စားနပ်ရိက္ခာစုဆောင်းမှုများ ပြုလုပ်နေကြောင်းလည်း ဆက်လက်သိရသည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...