ကလေးမြို့နယ်ထွေအုပ်ရုံးအပါအဝင် အခွန်နဲ့သက်ဆိုင်တဲ့ဌာနသို့ ကလေး (pdf) မှသတိပေးစာထုတ်ပြန်

ကလေးမြို့နယ်ထွေအုပ်ရုံးအပါအဝင် အခွန်နဲ့သက်ဆိုင်တဲ့ဌာနသို့ ကလေး (pdf) မှသတိပေးစာထုတ်ပြန်

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်ရှိ အခွန်ကောက်ဌာနများ၊ ထွေအုပ်ရုံးအပါအဝင် အခွန်နဲ့သက်ဆိုင်တဲ့ဌာနများ အနေဖြင့် ပြည်သူများအား အခွန်အခများ အဓမ္မကောက်ခံခြင်း မပြုလုပ်ရန် ယနေ့ရက်စွဲဖြင့် ကလေး (pdf)မှ အောက်ပါအတိုင်း  သတိပေးစာထုတ်ပြန်ထားသည်။

"ကလေးမြို့နယ်အတွင်းရှိ လျှပ်စစ်ရုံး၊ စည်ပင်သာယာရေးရုံး၊ အခွန်ရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးများနှင့် နိုင်ငံတော်ပိုင်ဘဏ်များအပါအဝင် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ရေးယန္တရားတွင် ပါဝင်အလုပ်အကျွေးပြုနေကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ အားလုံးအနေဖြင့် မိမိတို့မြို့နယ် ပြည်သူလူထုအပေါ် အခွန်အခများ အဓမ္မကောက်ခံခြင်း၊ ယခင်တရားဝင်အစိုးရလက်ထက်၌ ထုတ်ပေးခဲ့သော ချေးငွေများကို အတင်းအကျပ် ပြန်လည်ပေးသွင်းရန် ဖိအားပေးခြင်း၊ လုပ်ငန်းလိုင်စင်နှင့် တင်ဒါခေါ်ယူခြင်းများကို ရပ်တန်းကရပ်ရန် ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

ယခုသတိပေးစာပါနေ့ရက်မှ နောက်ပိုင်းအချိန်ထိ အာဏာလုအကြမ်းဖက်စစ်ကောင်စီအား ဝင်ငွေရရှိ‌စေရန် တစ်နည်းနည်းဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေပါက သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်သူများအားလုံးကို ပြင်းထန်စွာ အရေးယူတုံ့ပြန်သွားရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်းကိုလည်း အထူးသတိပေးလိုက်သည်" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF Kalay မှ  အထူးသတိပေးထားသည်။

Most read this week

July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...
July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...