KIO နယ်မြေ အသက် ၁၂ နှစ်ပြည့်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး

KIO နယ်မြေ အသက် ၁၂ နှစ်ပြည့်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ အသက် ၁၂ အရွယ်ကလေးများကို ယခုလမှစတင်ကာ SINOPHARM  ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီဟု လိုင်ဇာမြို့ KIO ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီ မှ သိရသည်။

လိုင်ဇာမြို့နေ ပြည်သူများအား ကိုဗစ်ရောဂါ ရှိမရှိ ၁၀ ကြိမ်ထက်မနည်း စစ်ဆေးပြီးနောက် အသက် ၁၂ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သူများကိုသာ ကိုဗစ်ကာကွယ်ဆေးထိုးပေးတာဖြစ်ကြောင်း KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က KNG ကို ပြောသည်။

“ အသက် ၁၂ နှစ် ဝင်ပြီဖြစ်တဲ့သူတွေကို ထိုးပေးတယ် ဒီတလော။ အားလုံး ဆေးထိုးထားနိုင်ရင်က ကိုဗစ် ရောဂါဖြစ်ခဲ့ရင်တောင် မစိုးရိမ်ရအောင် မဖြစ်အောင်လဲ ကာကွယ်နိုင်တယ်။ ကျနော်တို့ အရင်က ထိုးတဲ့ဆေး SINOVAC နဲ့ ကုမ္ပဏီတော့တူတူပဲထင်တယ် နုာမည်ပဲမတူတာ။ အခုဆေးထိုးပြီး ၂၁ ရက် ၁ လ လောက်ထိုးပြီးမှ ပြန်ထိုးတော့ antibody ပိုကောင်းမယ်ထင်တယ်။ ပြည်သူအားလုံးကို ထိုးနိုင်အောင် လုပ်ဆောင်နေပါတယ်။ ”  ဟုဆိုသည်။

ကိုဗစ်ကာကွယ်ဆေးကို လတ်တလော အဆုတ်တီဗီဆေးသောက်နေသူ ၊ နာတာရှည်ရောဂါရှိသူ ၊ နှလုံး ၊ သွေးတိုးရှိသူ နှင့် ဆီးချိုရှိသူများမှအပ ကျန်းမာရေးကောင်းမွန်သူများကို ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။

လက်ရှိ အသုံးပြုနေသည့် တရုတ်နိုင်ငံထုတ် SINOPHARM ကိုဗစ်ကာကွယ်ဆေးကို KIO နယ်မြေရှိ အသက် ၁၂ နှစ်အရွယ်များကို ထိုးနှံပေးနေသည်မှာ လူဦးရေ အယောက် ၁ ထောင်ကျော် နီးပါးရှိနေပြီဟု သိရသည်။

ဒုတိယကြိမ် ကိုဗစ်ကာကွယ်ဆေးကို ၂၁ ရက်ကြာပြီးနောက်မှ  ထိုးပေးမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးကြောင်း ဖိုင်ဗာကဒ်များကို ကိုဗစ်ကော်မတီရုံးတွင် ပြုလုပ်ယူရမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ခရီးသွားလာသည့်အချိန်တိုင်း တပါတည်းယူဆောင်သွားရမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ထိ KIO နယ်မြေရှိ သတ်မှတ်ထားသည့် မိုင်ဆပ်ပါ ၊ မြစ်ကြီးနားဟိုတယ်  ၊ လိုင်ဇာဟိုတယ် နဲ့ ဒွမ်ဘုံ Quarantine Center များတွင် Q ခံယူနေသူစုစုပေါင်း ၃၀၀ ဝန်းကျင်ရှိခဲ့သော်လည်း ယခုတွင် ကိုဗစ်ပိုးကူစက်ခံရသူ လျော့နည်းလာပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်တွင် ပိုးတွေ့လူနာထပ်တိုးခြင်း မရှိတော့ကြောင်း သိရသည်။

May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...