အေအေ၏ အုပ်ချုပ်ရေးနဲ့ပတ်သက်၍ မြန်မာစစ်တပ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူသတိပေးခြင်းမှာ မလုပ်သင့်သည့်ကိစ္စဟု အေအေပြောခွင့်ရသူဆို

အေအေ၏ အုပ်ချုပ်ရေးနဲ့ပတ်သက်၍ မြန်မာစစ်တပ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူသတိပေးခြင်းမှာ မလုပ်သင့်သည့်ကိစ္စဟု အေအေပြောခွင့်ရသူဆို

ရက္ခိုင့်တပ်တော် (AA) မှ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ မြန်မာစစ်တပ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူသတိပေးခြင်းမှာ မလုပ်သင့်သည့်ကိစ္စဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (ULA/AA) မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အောက်တိုဘာ ၄ ရက်နေ့တွင် DMG သို့ပြောသည်။

“အဲ့လိုမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူသတိပေးတာကတော့ ယုံကြည်မှုတည်ဆောက်ရေးကို အများကြီးထိခိုက်စေတာပေါ့။ ပြောမယ်ဆိုလို့ရှိရင်တော့ လုံးဝ မလုပ်သင့်တဲ့ကိစ္စကို မြန်မာစစ်တပ်ဖက်က လုပ်နေတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့က ဘူးသီးတောင်မြို့နယ် ငါးရံ့ချောင်းကျေးရွာအုပ်စုမှ ကျေးရွာတာဝန်ခံ ၃ ဦးအား ခမရ (၅၃၅) တပ်ရင်းမှ တပ်ရင်းမှူးကခေါ်ယူကာ ခြိမ်းခြောက်မှုများရှိခဲ့သည်ဟု အမည်မဖော်လိုသည့် ကျေးရွာတာဝန်ခံတစ်ဦးက DMG သို့ပြောသည်။

“အဲဒီနေ့က ကျွန်တော်တို့ကိုခေါ်ပြီးတော့ စစ်ဆေးတာရှိတယ်။ သူတို့မေးတာကတော့ ICRC က ထောက်ပံ့တဲ့ရိက္ခာတွေကို AA ကိုထောက်ပ့ံတာတွေရှိလာလို့မေးတယ်။ ရွာတွေမှာ AA အဖွဲ့ ဖွဲ့ထားတာတွေရှိလာလို့မေးတယ်။ ဘယ်သူတွေပါလဲမေးတော့ ကျွန်တော်တို့က AA ကို စားနပ်ရိက္ခာထောက်ပံ့တာလည်း မရှိဘူး၊ ရွာထဲမှာ AA အဖွဲ့လည်းမရှိဘူးလို့ ပြန်ဖြေခဲ့တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို မြန်မာစစ်တပ်မှခေါ်ယူကာ AA ၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ပါက တရားဥပဒေအရအရေးယူမည်ဟု ခေါ်ယူသတိပေးပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများကို ကျောက်ဖြူမြို့အခြေစိုက် ခလရ (၃၄) တပ်ရင်းကခေါ်ယူပြီး ULA/AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စရပ်များနှင့် AA တပ်ဖွဲ့ဝင်များတွေ့ရှိလျှင် သတင်းပေးတိုင်ကြားကြရန် ခေါ်ယူပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူသတိပေးခြင်းမှာ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးများကို ပျက်ပြားအောင်လုပ်ခြင်းဖြစ်သည်ဟုလည်း ဦးခိုင်သုခက ဆက်ပြောသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မြန်မာစစ်တပ်ကခေါ်ယူစစ်ဆေးပြီးတော့ သတိပေးတယ်ဆိုတာကတော့ ဥပဒေစိုးမိုးနေတဲ့နေရာတွေမှာ တည်ငြိမ်နေတဲ့နေရာမှာ အဲ့လိုမျိုး ခြိမ်းခြောက်ပြီးတော့ ပြောဆိုတဲ့ဆိုတာကတော့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအေးချမ်းရေးကို ပျက်ပြားအောင်လုပ်လိုတဲ့သဘောထားကိုဖော်ပြတာဖြစ်တယ်” ဟု ၄င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ၂ နှစ်ခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများရပ်တန့်နေသည်မှာ ၁၁ ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။

 
 

 

 

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...