Published
Wednesday, August 11, 2021
ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ မယ်တော်ဆေးခန်း ကိုဗစ်ဖြစ်ပွားမှုမြှင့်မားလာလို့ ဝန်ဆောင်မှုယာယီပိတ်ထား(ဩဂုတ်လ ၁၁၊ ၂၀၂၁)
ကိုဗစ်-၁၉ ဖြစ်ပွားမှုတိုးပွားနေတဲ့အပေါ် ကရင်ပြည်နယ် ဖားအံမြို့မှာလည်း ကိုဗစ်ဖြစ်ပွားတဲ့ လူနာတွေအတွက် အောက်စီဂျင်လိုအပ်မှုတွေ ကြီးမားနေတယ်လို့ မြို့ခံပရဟိတ ကျန်းမာရေးဝန်ဆောင်မှုပေးနေသူတွေက ဆိုပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးမှုကြောင့် လယ်စိုက်ဧကအများစု ရေနစ်မြှုပ်ခံရပြီး ထိခိုက်ပျက်စီးမှုတွေလည်းရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ကျန်းမာရေးဝန်ဆောင်မှုတွေကို ပေးနေတဲ့ မယ်တော်ဆေး ခန်းက ကိုဗစ်ဖြစ်ပွားမှု မြှင့်မားလာတဲ့အတွက် ဝန်ဆောင်မှုယာယီပိတ်ထား နေရပါတယ်။






