Published
Monday, August 09, 2021
ဝိုင်းမော်မြို့နယ်မှာ စစ်တပ်က ကျေးရွာတွေထဲ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်၊ ဒေသခံတွေ တိမ်းရှောင်နေရ
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲနဲ့ မူဆယ်မြို့နယ် ပန်ဆိုင်းမှာ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံ ၄၀၀ နီးပါး တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က လာရောက်ပစ်ခတ်တာတွေမရှိပေမဲ့ ပြည်သူတွေရှိတဲ့ကျေးရွာတွေထဲ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုတွေရှိသလို ရွာသူရွာသားတွေလည်း တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် “အိမ်စောင့်အစိုးရ” လို့ အမည်ပြောင်းလဲလိုက်တဲ့အပေါ် ပြည်သူတချို့ရဲ့ အမြင်သဘောထားကို တင်ပြထားပါတယ်။






