Published
Wednesday, July 07, 2021
တိုက်ပွဲတွေကြောင့် မူတြော်(ဖာပွန်)ခရိုင်ထဲက စစ်ဘေးရှောင်ပြည်သူတွေ အရေးပေါ်ဆေးဝါးလိုအပ်ချက်တွေရှိနေဆဲ (ဇူလိုင်လ ၀၇၊ ၂၀၂၁)
ကေအဲန်ယူ၊ တပ်မဟာ (၅)နယ်မြေထဲက တိုက်ပွဲတွေကြောင့် မူတြော်(ဖာပွန်)ခရိုင်ထဲက စစ်ဘေးရှောင်ပြည်သူတွေ အရေးပေါ်ဆေးဝါးလိုအပ်ချက်တွေရှိနေဆဲဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြမှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲက နှစ်ထောင်ကျော်ကို ပြန်လွတ်ပေးခဲ့ရာမှာ ကရင်ပြည်နယ်က ၄၇ ယောက် ပါဝင်ပါတယ်။
ကော်သူးလေ သစ်ပင်စိုက်ပျိုးနေ့မှာ အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့ရာနေရာ ထို့ကော်ကိုးရွာက စောဘဦးကြီးသစ်တောကြိုးဝိုင်းမှာ ဒေသခံတာဝန်ရှိသူတွေနဲ့ ရွာသူရွာသားတွေ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ ကြပါတယ်။






