အရည်အသွေးမြင့်ရော်ဘာပြား ပြည်ပမှဝယ်ယူမှုများလာ

အရည်အသွေးမြင့်ရော်ဘာပြား ပြည်ပမှဝယ်ယူမှုများလာ

မွန်ပြည်နယ် ရော်ဘာဈေးကွက်အတွင်း အရည်အသွေးမြင့်ရော်ဘာပြား (အပါး) ကို ပြည်ပမှ ဝယ်ယူမှုများလာကြောင်း ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များအသင်းမှ ဦးအောင်ရွှေက ပြောသည်။

ရော်ဘာပြား (အပါး) ကို ဈေးကောင်းပေးကာ မှာယူမှုများလာသောကြောင့် တောင်သူများအတွက် အကျိုးရှိလာမှာဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

"ကမ္ဘာ့ဝယ်လိုအားကြောင့် RSS 1 ဈေးကောင်းလာတော့ အရင် အထူပြားလုပ်တဲ့သူ တော်တော်များများက အပါးပဲလုပ်လာကြတယ်လေ။ အပါးက နည်းနည်းဈေးကွက်ရှိလာတယ်။ အရင်ထဲက ကျွန်တော်တို့ ရော်ဘာအသင်းအနေနဲ့ စည်းရုံးတယ်။ အပါးလုပ်ပေးဖို့။ အခု စည်းရုံးစရာမလိုတော့ဘူး။ ဈေးကွက်က ပေါ်ပေါ်ထင်ထင်ဖြစ်လာတာပေါ့" ဟု ဦးအောင်ရွှေက ပြောသည်။

ရော်ဘာပြား အပါးကို တရုတ်နိုင်ငံက အဓိကဝယ်ယူခဲ့သော်လည်း ယခုအခါ အိန္ဒိယနှင့် စင်ကာပူနိုင်ငံကပါဝယ်ယူရန် ကမ်းလှမ်းလာကြောင်း၊ ထို့ကြောင့် လာမည့်နှစ်တွင် ပြည်ပကို ပိုမိုတင်ပို့ရောင်းချနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၄င်းကဆက်ပြောသည်။

အဆင့်မြင့် ရော်ဘာပြား (အပါး) များများထုတ်နိုင်မှသာ ဈေးကွက်ဖြစ်ပေါ်လာမည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်အပါအဝင် တောင်သူများအနေဖြင့် စက်ရုံငယ်များရင်းနှီးမြှုပ်နှံ၍ ရော်ဘာပြား (အပါး) ထုတ်လုပ်ကြဖို့ တိုက်တွန်းထားသည်ဟု ၄င်းကဆိုသည်။

သံဖြူဇရပ်မြို့နယ်မှ ရော်ဘာလုပ်ငန်းလုပ်ကိုင်သူ ကိုမောင်ခိုင်က "အရင်ကတော့ ကျွန်တော်တို့က အထူပဲလုပ်တာ။ မြန်တယ်လေ။ ဘာမှလုပ်စရာလည်းမလိုဘူး။ လှန်းရုံပဲလေ။ ဈေးကတော့ သိပ်မရဘူးပေါ့။ အခုတော့ သေချာသန့်စင်တယ်။ ခဲ၊ သဲ မပါအောင်စစ်တယ်။ အချိန်တော့အရမ်းမပေးရဘူး။ ဈေးကောင်းလည်းရတယ်" ဟု ပြောသည်။

ယခုနောက်ပိုင်းမှာ သန့်စင်ရော်ဘာပြားကို လုပ်ကိုင်လာသူများလာပြီး တစ်ချို့တောင်သူများက ၎င်းတို့လိုချင်သော ဈေးရရှိသည့်အချိန်မှသာ ထုတ်ရောင်းကြကြောင်း ၄င်းကဆက်ပြောသည်။

လက်ရှိတွင် RSS 1 တစ်ပေါင် ၉၆၀ ကျပ်မှ ၁၀၀၀ ထိ ပေါက်ဈေးရှိနေပြီး Local တစ်ပေါင် ၈၀၀ ကျပ်ဝန်းကျင်ခန့် ပေါက်ဈေးရှိနေကြောင်း သိရသည်။

အကယ်၍ ပြည်ပဝယ်လိုအား မြင့်တက်လာပါက ရော်ဘာဈေးကွက် ပြန်လည်ကောင်းမွန်းလာမည်ဖြစ်ပြီး တောင်သူများလည်း အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် ရော်ဘာဈေးကွက် ပိုမိုခိုင်မာလာစေဖို့အတွက် ပြည်နယ်အဆင့်အာဏာပိုင်အဖွဲ့အစည်း (သို့မဟုတ်) NGO ကဲ့သို့ အဖွဲ့အစည်းများမှလည်း ဝိုင်းဝန်းပံ့ပိုးပေးဖို့ တောင်းဆိုလိုကြောင်း ဦးအောင်ရွှေက ယူဆသည်။

မြန်မာနိုင်ငံ ရာဘာထုတ်လုပ်မှု၏ ၄၉ ရာခိုင်နှုန်းသည် မွန်ပြည်နယ်မှ ထွက်ရှိလာခြင်းဖြစ်ပြီး တနှစ်လျှင် ရာဘာတန်ချိန် ၁ သိန်းကျော် ထုတ်လုပ်လျက်ရှိကာ တနိုင်ငံလုံး ရာဘာစိုက်ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း သိရသည်။

 
 

 

 

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...