အာဏာသိမ်းစစ်ကောင်စီနဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပစ်ရပ်စဲရေး သဘောတူ

အာဏာသိမ်းစစ်ကောင်စီနဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပစ်ရပ်စဲရေး သဘောတူ

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF-Mindat)တို့အကြား မြို့မိမြို့ဖရဲ့ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဇွန်လ ၂၀ ရက်နေ့ကစပြီး အပစ်ရပ်စဲကာ စောင့်ကြည့်ကာလ ၁၄ ရက် သတ်မှတ်ထားတယ်လို့ CDF -Mindat ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကလေးမြို့ ညောင်ပင်သာရပ်ကွက် အင်းယာကုန်းဘက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တစ်အိမ်ကိုဝင်စီးပြီး အိမ်ရှင်မိသားစုဝင် ၄ ဦးကို ပစ်သတ်ခဲ့တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာမြို့ဖြစ်တဲ့ ချင်းပြည်နယ် ရိဒ်ခေါ်ဒါရ်မြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာနေပြီး ဇွန်လ ၂၂ ရက်နေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၆၂ ဦးရှိပြီလို့ ရိဒ်ပြန်ဆက်ဦးစီးမှူးက ပြောပါတယ်။

May 19, 2026
- ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေ...
May 19, 2026
- ကျောက်မဲမြို့နယ်မှာ မိုင်းနဲ့စစ်ကျန်လက်နက်ပစ္စည်းတွေ အများအပြားကျန်ရှိနေပြီး သွားရောက်...
May 18, 2026
- ကရင်နီပြည် ဒီးမော့ဆိုနဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီး သက်တမ်း ၆၀...
May 17, 2026
- ရန်ကုန်မြို့မှာ ရခိုင်လူငယ်တွေ ပျောက်ဆုံးမှုဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေပါတယ်...