အာဏာသိမ်းစစ်ကောင်စီနဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပစ်ရပ်စဲရေး သဘောတူ

အာဏာသိမ်းစစ်ကောင်စီနဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပစ်ရပ်စဲရေး သဘောတူ

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF-Mindat)တို့အကြား မြို့မိမြို့ဖရဲ့ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဇွန်လ ၂၀ ရက်နေ့ကစပြီး အပစ်ရပ်စဲကာ စောင့်ကြည့်ကာလ ၁၄ ရက် သတ်မှတ်ထားတယ်လို့ CDF -Mindat ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကလေးမြို့ ညောင်ပင်သာရပ်ကွက် အင်းယာကုန်းဘက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တစ်အိမ်ကိုဝင်စီးပြီး အိမ်ရှင်မိသားစုဝင် ၄ ဦးကို ပစ်သတ်ခဲ့တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာမြို့ဖြစ်တဲ့ ချင်းပြည်နယ် ရိဒ်ခေါ်ဒါရ်မြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာနေပြီး ဇွန်လ ၂၂ ရက်နေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၆၂ ဦးရှိပြီလို့ ရိဒ်ပြန်ဆက်ဦးစီးမှူးက ပြောပါတယ်။

December 24, 2025
- စစ်ကော်မရှင်က မြစ်ဆုံစီမံကိန်းပြန်စမယ့် အစီအစဉ်သစ်ကို ထုတ်ပြောလာတာကြောင့် ဒေသခံအများစု...
December 23, 2025
- ခရစ္စမတ်ကာလမှာ အိန္ဒိယ- ရခိုင် ကုန်သွယ်ရေးလုပ်ငန်းကို ရက်ပေါင်း ၂၀ ကျော်ကြာ...
December 23, 2025
- ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနဲ့ ပင်လောင်းနယ်စပ်မှာ မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေပြီး...
December 22, 2025
- မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း...