မွန်အမျိုးသားပညာရေးကော်မတီမှ ‌ကျောင်းသူ/သားများ လုံခြုံစွာပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်

မွန်အမျိုးသားပညာရေးကော်မတီမှ ‌ကျောင်းသူ/သားများ လုံခြုံစွာပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်

လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားစာသင်ကျောင်းများတွင် ‌ကျောင်းသူ/သားများ လုံခြုံစွာပညာသင်ကြားနိုင်ရေး မွန်အမျိုးသားပညာရေးကော်မတီ MNEC က စီမံဆောင်ရွက်ထားကြောင်း ဆိုသည်။

MNEC အဖွဲ့ဝင် ဆရာမင်းအောင်ဇေက “ကျနော်တို့ကျောင်းရဲ့ လုံခြုံရေးကိုတော့ ကျနော်တို့ကျောင်းကော်မတီဝင်တွေရယ် ကျောင်းသားမိဘတွေနဲ့ ပူးပေါင်းကူညီပြီးတော့ ကြီးကြပ်နေတယ်၊ ပြီးတော့ ကျနော်တို့စာသင်ကျောင်းတွေဟာ အစိုးရရဲ့လက်အောက်မှာ ရှိနေတာမဟုတ်တော့ သိပ်ပြီးမစိုးရိမ်ရဘူးလို့ ယူဆရတာပေါ့နော်” ဟု ပြောသည်။

ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က မွန်အမျိုးသားပညာရေးစာသင်ကျောင်းများအားလုံး စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ယမန်နှစ်ထက် ကျောင်းသားဦးရေ တိုးများလာသည်ဆိုသော်လည်း ယခုနှစ် ကျောင်းသားဦးရေစာရင်းကို လတ်တလောတွင် မပြုစုနိုင်သေးဟု ဆိုသည်။

ဇွန်လ (၁) နေ့ကတည်းက အစိုးရစာသင်ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာတွင် သေနတ်ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်ခဲ့သည့်အတွက် ကျောင်းသားမိဘများ စိုးရိမ်နေကြရကြောင်း တွေ့ရှိရသည်။

မွန်အမျိုးသားကျောင်းမှ ကျောင်းသားမိဘတစ်ဦးက “ဘယ်လိုပဲပြောပြော စိုးရိမ်စိတ်က နည်းနည်းတော့ဖြစ်တာပေါ့နော်၊ စာသင်ကျောင်းတွေမှာ လုံခြုံရေးတွေ စီစဉ်ထားတယ်ဆိုပေမယ့် ခလေးတွေ ကျောင်းသွားတက်နေရတာကို ရင်တထိတ်ထိတ်နဲ့ပါပဲ” ဟု ဆိုသည်။

မွန်အမျိုးသားကျောင်းသည် မွန်၊ ကရင်ပြည်နယ်နှင့် တနသာၤရီတိုင်းဒေသကြီးရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေနှင့် ဆက်စပ်နယ်မြေများအတွင်း သီးသန့်စာသင်ကျောင်းများ (သို့မဟုတ်) အစိုးရကျောင်းများတွင် တွဲဖက်ဖွင့်လှစ်သင်ကြားနေပြီး အထက်တန်းကျောင်း (၃) ကျောင်းအပါအဝင် သီးသန့်စာသင်ကျောင်းပေါင်း (၁၃၄) ကျောင်းတွင် ဆရာ၊ဆရာမ (၈၀၀) ကျော် သင်ကြားလျက်ပေးလျက်ကြောင်း သိရသည်။

အလားတူ အစိုးရစာသင်ကျောင်းများသို့ ကျောင်းသား/ကျောင်းသူများ ကျောင်းမတက်ကြရန် စစ်ကောင်စီကိုဆန့်ကျင်နေသည့် အင်အားစုတချို့က တိုက်တွန်းထားသလို ဗုံးများဖောက်ခွဲမည်ဆိုသည့် ခြိမ်းခြောက်ပြောဆိုမှုများကို လူမှုဆိုရှယ်မီဒီယာများတွင် တွေ့ရှိနေရသည်။

 
 

 

 

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...