မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး မြန်မာနိုင်ငံအတွင်း ၁၁ ဦး စတင်တွေ့ရှိ

မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး မြန်မာနိုင်ငံအတွင်း ၁၁ ဦး စတင်တွေ့ရှိ

မျို့ရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုးဖြစ်ပွားသူ မြန်မာနိုင်ငံအတွင်း ၁၁ ဦး စတင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်ပြန်ထားသည်။

အဆိုပါရောဂါပိုးတွေ့ရှိသူများက ကလေးမြို့မှ ၁ ဦး၊ မြိတ်မြို့မှ ၃ ဦး၊ မန္တလေးမြို့မှ ၄ ဦး၊ တမူးမြို့မှ ၂ ဦးနှင့် ရန်ကုန်မြို့မှ ၁ ဦးဖြစ်ပြီး အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ရာလန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် စတင်တွေ့ရှိခဲ့သည့်် Alpha, Delta နှင့် Kappa ဗီဇပြောင်းပိုးများဖြစ်ကြောင်း သိရသည်။

ဗီဇပြောင်းပိုးတွေ့ရှိမှု ပတ်သက်၍ မွန်ပြည်နယ်မှ ကျန်းမာရေး ပညာရှင်တစ်ဦးက “ဗီဇပြောင်းပိုးတွေ့တာက တကယ်ဟုတ်လား မဟုတ်လား အတည်မပြုနိုင်ပေမဲ့ အကယ်လို့တကယ်ဖြစ်လာရင်တော့ ကူးစက်နှုန်းတွေမြင့်မားလာမယ် အသေပျောက်များမယ် အရမ်းဂရုစိုက်ရမယ့် အနေအထားမှာရှိမယ်ပေါ့” ဟု ဆိုသည်။

ကနဦးစစ်ဆေးတွေ့ရှိသည့် ၁၁ ဦးအနက် Alpha ပိုးတွေ့ရှိသူ ၂ ဦး၊ Delta ပိုးတွေ့ရှိသူ ၅ ဦးနှင့်  Keppa ပိုးတွေ့ရှိသူ ၄ ဦးဖြစ်ပြီး ၎င်းဗီဇပြောင်းပိုးများသည် ကူးစက်ပျံ့နှံ့မှု ပိုမိုမြင့်မားပြီး ရောဂါပြင်းထန်သေဆုံးမှုလည်း ပိုမိုများပြားနိုင်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားသည်။

ထို့အပြင် မွန်ပြည်နယ်အတွင်းရှိ ကိုဗစ်အတည်ပြုလူနာများကို ယာယီကုသပေးနေသည့် မော်လမြိုင် ၁၀ မြို့နယ်ဆောင်ရှိ ဘားအံဆောင်မှ လူနာများကို မော်လမြိုင်ဆေးရုံကြီးရှိ ကိုဗစ်အတည်ပြုလူနာများ ကုသပေးနေသည့် Isolation Ward - 3 သို့ ယနေ့တွင် စတင်လွှဲပြောင်းကုသပေးလျှက်ရှိကြောင်း သိရသည်။

လက်ရှိ Isolation Ward - 3 တွင် လူနာ ၁၅ ဦးဆေးကုသခံယူလျှက်ရှိပြီး မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၄ ဦးရှိသည့်အနက် ၃ ဦး ယခုလအတွင်း သေဆုံးသွားခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း တစ်သိန်းလေသောင်းကျော်ရှိရာမှ ဆေးရုံဆင်းခွင့်ရရှိသူ တစ်သိန်းသုံးသောင်းသုံးထောင်ကျော်ရှိပြီး ၃၂၄၈ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

 
 

 

 

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...