ရေးမြို့ပေါ် အ.လ.က (၂) ကျောင်းရှေ့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသဖြင့် လူတစ်ဦးသေဆုံး

ရေးမြို့ပေါ် အ.လ.က (၂) ကျောင်းရှေ့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသဖြင့် လူတစ်ဦးသေဆုံး

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အ.လ.က (၂) ကျောင်းရှေ့တွင် ဇွန်လ ၁၄ ရက်နေ့၊ ညနေ ၃ နာရီ ကျောင်းဆင်းချိန်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦးထိမှန်ခဲ့ပြီး တစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကျောင်းဆင်းချိန် ကားလမ်းပိတ်ပြီး ကလေးတွေကို လမ်းရှင်းပေးနေသူတစ်ဦး လက်မောင်းရှပ်ထိပြီး တစ်ဦးကတော့ နားထင်ထိမှန်သေဆုံးခဲ့တယ်” ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။

ကျောင်းဆင်းချိန် လမ်းရှင်းပေးနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတစ်ဦးဖြစ်သူတို့ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ရပ်မိရပ်ဖတစ်ဦးမှာ

ခေါင်းတွင်ထိမှန်သေဆုံးခဲ့ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လက်တွင် သေနတ်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ပြောကြားသည်။

အောင်မေတ္တာရပ်ကွက်နေ ပြည်သူတစ်ဦးက "သေနတ်သံနှစ်ချက်ကြားရတယ်၊ သေတဲ့တစ်ယောက်က စစ်မှုထမ်းဟောင်း၊ ရပ်ကွက်ရုံးမှာလည်း

ရပ်မိ/ရပ်ဖပဲလို့သိထားတယ်၊ အုပ်ချုပ်ရေးမှူးကတော့ စစ်တပ်လက်ထက်မှာ အသစ်ခန့်ထားတာပေါ့" ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

ပြီးခဲ့သည့်မေလ ၂၅ ရက်နေ့ကလည်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ပစ်ပေါက်ခံခဲ့ရာတွင် ပေါက်ကွဲသော်လည်း လူထိခိုက်မှုမရှိခဲ့သလို ဇွန်လ ၃ ရက်နေ့က ရပ်ကွက်ရုံးအနီးရှိ အ.လ.က (၂) ကျောင်းကို လက်ပစ်ဗုံးပစ်သွင်းခဲ့သော်လည်း ပေါက်ကွဲခြင်းမရှိကြောင်း သိရသည်။

ရေးမြို့နယ်အတွင်း ဧပြီလနောက်ဆုံးအပတ်မှ ယနေ့အထိ ဗုံးပေါက်ကွဲမှု၊ လက်ပစ်ဗုံးနှင့်အပစ်ခံရမှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး မေလ ၁၉ ရက်နေ့က

အောင်သုခရပ်ကွက်နေ ကိုကျော်မင်းထွန်း (ခ) ကိုချစ်တီးကို ဖောက်ခွဲရေးသမားဟုဆိုကာ လက်လုပ်ဗုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (Crd)
September 7, 2026
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို...
September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...