ဆန္ဒဖော်ထုတ်ရာမှာ ကျည်ဆံထိမှန်ပြီး ခြေတစ်ဖက်ဖြတ်လိုက်ရတဲ့ချင်းလူငယ် ကလေးမြို့အကျဉ်းထောင်ဆီ ပို့ခံရ

ဆန္ဒဖော်ထုတ်ရာမှာ ကျည်ဆံထိမှန်ပြီး ခြေတစ်ဖက်ဖြတ်လိုက်ရတဲ့ချင်းလူငယ် ကလေးမြို့အကျဉ်းထောင်ဆီ ပို့ခံရ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းလိုက်တဲ့အပေါ် ချင်းနိုင်ငံရေးပါတီနဲ့ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေက ကြိုဆိုလိုက်ကြပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်နဲ့ ကလေး-ကဘောဒေသ အပါအဝင် နိုင်ငံတကာရောက် ချင်းလူမျိုးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization) နဲ့ ကာကွယ်ရေးတာဝန်ထမ်းဆောင်ဖို့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (Chin National Defense Force) ကို ဧပြီလ ၁၃ ရက်နေ့က ဖွဲ့စည်းလိုက်ကြတယ်လို့ ဧပြီလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ဆန္ဒဖော်ထုတ်တဲ့ လူထုစစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုမှာ ကျည်ဆံထိမှန်ပြီး ခြေတစ်ဖက်ဖြတ်လိုက်ရတဲ့ အသက် ၂၀ အရွယ် ကို Pau Min Lun ဟာ ကလေးမြို့အကျဉ်းထောင်ဆီပို့ခံရပြီး မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ သိရပါတယ်။

May 19, 2026
- ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေ...
May 19, 2026
- ကျောက်မဲမြို့နယ်မှာ မိုင်းနဲ့စစ်ကျန်လက်နက်ပစ္စည်းတွေ အများအပြားကျန်ရှိနေပြီး သွားရောက်...
May 18, 2026
- ကရင်နီပြည် ဒီးမော့ဆိုနဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီး သက်တမ်း ၆၀...
May 17, 2026
- ရန်ကုန်မြို့မှာ ရခိုင်လူငယ်တွေ ပျောက်ဆုံးမှုဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေပါတယ်...