တပ်မတော်မှမိုင်းရှင်းလင်းမှုမလုပ်ဆောင်သေး၍ ထောင်ချီစစ်ဘေးရှောင်ပြည်သူ နေရပ်ပြန်ဖို့စိုးရိမ်မှုရှိနေ (မတ်လ ၁၉၊ ၂၀၂၁)

တပ်မတော်မှမိုင်းရှင်းလင်းမှုမလုပ်ဆောင်သေး၍ ထောင်ချီစစ်ဘေးရှောင်ပြည်သူ နေရပ်ပြန်ဖို့စိုးရိမ်မှုရှိနေ (မတ်လ ၁၉၊ ၂၀၂၁)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားမှုမရှိတော့ဘဲ နယ်မြေငြိမ်းချမ်းတဲ့အနေအထားရှိလာပြီဖြစ်ပေမယ့် တပ်မတော်ကနေမိုင်းရှင်းလင်းတာတွေ မလုပ်ဆောင်သေးတာကြောင့် ထောင်နဲ့ချီတဲ့စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေရပ်ပြန်ဖို့အရေးစိုးရိမ်မှုတွေ ရှိနေပါသေးတယ်။

မြန်မာ့တပ်မတော်ရဲ့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ချင်းအမျိုးသားတပ်ဦး(CNF) ခေါင်းဆောင်တချို့နဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာတွေ့ဆုံပြီး CDM ဝင်တဲ့ ရဲဝန်ထမ်းတွေကို ပြန်လည်လွှဲပြောင်းပေးဖို့တောင်းဆိုခဲ့ပေမယ့် သူတို့ဆီမှာမရှိဘူးဆိုပြီး CNF ဘက်က ငြင်းဆိုခဲ့ပါတယ်။

ချင်းပြည်နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖော်ထုတ်ရာမှာပါဝင်တဲ့ သပိတ်ခေါင်းဆောင် ၁၀ ယောက်ထက်မနည်းကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားပြီး ဖမ်းဝရမ်းလည်းထုတ်ထားပါတယ်။

September 11, 2026
- အာရက္ခတပ်တော်(ULA/AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ...
September 10, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ နှမ်းစျေးကျဆင်းတာကြောင့် အရှုံးပေါ်နေတယ်လို့...
September 9, 2026
- မယ်လဒုက္ခသည်စခန်းမှာ အမေရိကန်အစိုးရရဲ့ အကူအညီပေးရေး ရန်ပုံငွေတွေ ရပ်ဆိုင်းခံရပြီးတဲ့နောက်...
September 8, 2026
- အစားအစာမလုံလောက်မှုကြောင့် စစ်ရှောင်ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေး...