နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုင်မင်း CDM ပါဝင်လာ

နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုင်မင်း CDM ပါဝင်လာ

သျှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း သည် ယနေ့ မှစတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်သည့်အနေဖြင့် CDM ပါဝင်လာကြောင်း စုံစမ်းသိရသည်။

လက်ရှိမှာတော့ ဦးသွင်ကိုကိုမင်းသည် CDM ပြုလုပ်ထားပြီး၊ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ထိုနည်းတူ လွန်ခဲ့သည် ဖေဖော်ဝါရီ ၁၁ရက်တွင်လည်း နောင်ချိုမြို့နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဌေးလင်းဦး အပါအဝင် အဖွဲ့ဝင်(၅)ဦး CDM ပါဝင်ခဲ့ပြီး၊ လက်ရှိအချိန်ထိ တိမ်းရှောင်နေရကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် အစိုးရဝန်ထမ်းများသည် စစ်အာဏာရှင် စနစ်လက်အောက်တွင် အလုပ်မလုပ်လိုသဖြင့် CDM တွင် ပါဝင်လာသည် ကိုတွေ့မြင်ရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...