နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုင်မင်း CDM ပါဝင်လာ

နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုင်မင်း CDM ပါဝင်လာ

သျှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း သည် ယနေ့ မှစတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်သည့်အနေဖြင့် CDM ပါဝင်လာကြောင်း စုံစမ်းသိရသည်။

လက်ရှိမှာတော့ ဦးသွင်ကိုကိုမင်းသည် CDM ပြုလုပ်ထားပြီး၊ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ထိုနည်းတူ လွန်ခဲ့သည် ဖေဖော်ဝါရီ ၁၁ရက်တွင်လည်း နောင်ချိုမြို့နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဌေးလင်းဦး အပါအဝင် အဖွဲ့ဝင်(၅)ဦး CDM ပါဝင်ခဲ့ပြီး၊ လက်ရှိအချိန်ထိ တိမ်းရှောင်နေရကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် အစိုးရဝန်ထမ်းများသည် စစ်အာဏာရှင် စနစ်လက်အောက်တွင် အလုပ်မလုပ်လိုသဖြင့် CDM တွင် ပါဝင်လာသည် ကိုတွေ့မြင်ရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...