ကွန်ဟိန်းမြို့နယ် စစ်အာဏာရှင်ကို ဆန္ဒပြသူ ၃ ဦး ဖမ်းဆီးခံရ

ကွန်ဟိန်းမြို့နယ် စစ်အာဏာရှင်ကို ဆန္ဒပြသူ ၃ ဦး ဖမ်းဆီးခံရ

သျှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့နယ် အတွင်း ယနေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူ ၃ ဦးကို လာရောက်ဖမ်းဆီးထိန်းသိမ်း ထားလိုက်ကြောင်းစုံစမ်းသိရှိရသည်။

ထိုဖမ်းဆီးခံရသူ (၃)ဦးသည် ကွန်ဟိန်းမြို့တွင် စိုင်းလင်းခမ်း တဦး နှင့် ကာလိမြို့တွင် စိုင်းမိုးဇော် နှင့် စိုင်းချစ်ငွေ(ခ)စိုင်းဟန်မိုင်း တို့ဖြစ်ကြောင်းသိရသည်။

“ ဒီနေ့က ကွန်ဟိန်က တစ်ယောက်၊ ကာလိက ၂ ယောက်ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းလဲဆိုတော့ လူစုလူဝေးလုပ်လို့တဲ့၊ ပြီးတော့ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ပုဒ်မ ၂၅ နဲ့ဖမ်းဆီးသွားတယ်” ဟု ကာလိ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ၃ဦးကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး က သဘာဝ ဘေးအန္တရာယ် ပုဒ်မ ဖြင့် တရားစွဲထားကြောင်း၊ လာရောက်ဖမ်းဆီးသည့်အချိန်တွင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းကာ တပ်မတော်ကို ပြန်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ရက် မှ စတင်ကာ တပ်မတော်သည် နိုင်ငံတော်၏ အာဏာကို သိမ်းယူပြီး၊ ထို့နောက်ပြည်သူများက တပ်မတော်အာဏာသိမ်းယူသည့်အပေါ် တရက်ထက် တရက် ဆန့်ကျင်ဆန္ဒပြမှုများလာကာ သျှမ်းပြည် အပါအဝင် မြန်မာပြည် တဝှမ်းပြည်သူ သန်းပေါင်းများစွာ က နည်းမျိုးစုံဖြင့် ဆန္ဒပြ နေကြသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...