ကွန်ဟိန်းမြို့နယ် စစ်အာဏာရှင်ကို ဆန္ဒပြသူ ၃ ဦး ဖမ်းဆီးခံရ

ကွန်ဟိန်းမြို့နယ် စစ်အာဏာရှင်ကို ဆန္ဒပြသူ ၃ ဦး ဖမ်းဆီးခံရ

သျှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့နယ် အတွင်း ယနေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူ ၃ ဦးကို လာရောက်ဖမ်းဆီးထိန်းသိမ်း ထားလိုက်ကြောင်းစုံစမ်းသိရှိရသည်။

ထိုဖမ်းဆီးခံရသူ (၃)ဦးသည် ကွန်ဟိန်းမြို့တွင် စိုင်းလင်းခမ်း တဦး နှင့် ကာလိမြို့တွင် စိုင်းမိုးဇော် နှင့် စိုင်းချစ်ငွေ(ခ)စိုင်းဟန်မိုင်း တို့ဖြစ်ကြောင်းသိရသည်။

“ ဒီနေ့က ကွန်ဟိန်က တစ်ယောက်၊ ကာလိက ၂ ယောက်ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းလဲဆိုတော့ လူစုလူဝေးလုပ်လို့တဲ့၊ ပြီးတော့ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ပုဒ်မ ၂၅ နဲ့ဖမ်းဆီးသွားတယ်” ဟု ကာလိ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ၃ဦးကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး က သဘာဝ ဘေးအန္တရာယ် ပုဒ်မ ဖြင့် တရားစွဲထားကြောင်း၊ လာရောက်ဖမ်းဆီးသည့်အချိန်တွင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းကာ တပ်မတော်ကို ပြန်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ရက် မှ စတင်ကာ တပ်မတော်သည် နိုင်ငံတော်၏ အာဏာကို သိမ်းယူပြီး၊ ထို့နောက်ပြည်သူများက တပ်မတော်အာဏာသိမ်းယူသည့်အပေါ် တရက်ထက် တရက် ဆန့်ကျင်ဆန္ဒပြမှုများလာကာ သျှမ်းပြည် အပါအဝင် မြန်မာပြည် တဝှမ်းပြည်သူ သန်းပေါင်းများစွာ က နည်းမျိုးစုံဖြင့် ဆန္ဒပြ နေကြသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...