ဖမ်းဆီးခံရသူ ၄ ဦး ပြန်လွှတ်ပေးရေး မြဝတီခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့တွင် ပြည်သူ တစ်ထောင်ခန့် ထိုင်သပိတ်ပြုလုပ် တောင်းဆို

ဖမ်းဆီးခံရသူ ၄ ဦး ပြန်လွှတ်ပေးရေး မြဝတီခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့တွင် ပြည်သူ တစ်ထောင်ခန့် ထိုင်သပိတ်ပြုလုပ် တောင်းဆို

ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့  ၅ ရက်မြောက်နေ့အဖြစ်ပြုလုပ်သော စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ၌ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့သော တက်ကြွလှုပ်ရှားသူ ကိုထွန်းမြင့်သိန်း အပါအဝင် (၄) ဦး ပြန်လည်လွှတ်ပေးရေးအတွက် ပြည်သူထောင်နှင့်ချီ၍ မြဝတီခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့တွင် ထိုင်သပိတ်ဆင်နွှဲကာ ဆန္ဒပြ တောင်းဆိုလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့မှ တက်ကြွလှုပ်ရှားသူ ကိုထွန်းမြင့်သိန်း အပါအဝင် (၄) ဦးကို ယနေ့ မနက် ၉ နာရီ အချိန်ခန့်က မြဝတီ အမှတ် ၁ ချစ်ကြည်ရေး တံတားထိပ် ဘုရင့်နောင်လမ်းမကြီးပေါ်တွင်  ဆန္ဒထုတ်ဖော်ရန် စတင်စုဝေးစဉ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရသူများ ပြန်လည်လွှတ်မြောက်ရေးအတွက် မြဝတီခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့ ဘုရင့်နောင်လမ်းမကြီး ပေါ်တွင်  မွန်းလွှဲ ၃ နာရီအချိန်ခန့်မှစ၍ ပြည်သူလူထု တစ်ထောင်ခန့်က ထိုင်သပိတ်ဆင်နွှဲကာ တောင်းဆိုဆန္ဒဖော်ထုတ်နေကြခြင်း ဖြစ်သည်။

မြဝတီမြို့တွင် ဖေဖော်ဝါရီ ၈ ရက်နေ့ ညပိုင်းကစ၍  ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း နေ့စဉ် ပြည်သူလူထု သောင်းနှင့်ချီ၍ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများ ဆက်တိုက်ရှိနေပြီး မည်သည့် အတားအဆီးမျှ မရှိခဲ့ပေသော်လည်း ယနေ့တွင်မူ မြဝတီမြို့တွင်း လမ်းတစ်ချို့နှင့် မြို့ပြင် လမ်းမများထက်တွင် လုံခြုံရေးများချထားပြီး ကန့်သတ်မှုများ ရှိနေသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မြဝတီမြို့၌ ၅ရက် မြောက်နေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို လူဦးရေ ၅ သောင်းဝန်းကျင်ခန့်ဖြင့် တားမြစ်ထားသောနေရာများမှအပ မြို့တွင်းလှည့်လည် ဆန္ဒဖော်ထုတ် ခဲ့ကြောင်း သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...