စစ်အာဏာရှင်ကို ဆန့်ကျင်သည့် မိုင်းရယ်လူငယ် သဘာဝဘေးအန္တရာယ်ဖြင့်အမှုဖွင့်ခံရ

စစ်အာဏာရှင်ကို ဆန့်ကျင်သည့် မိုင်းရယ်လူငယ် သဘာဝဘေးအန္တရာယ်ဖြင့်အမှုဖွင့်ခံရ

သျှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့သည့် လူငယ်တဦးသည် ကိုဗစ်- ၁၉ သဘာဝဘေအန္တရာယ်ဖြင့် အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။

ယမန့်နေ့ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ည ၆ နာရီအချိန်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် အသက် ၂၇နှစ်အရွယ်ရှိ မောင်စိုးကျော်ကို တပ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ယနေ့ သွားရောက်ထုတ်ရာတွင် ကိုဗစ် -၁၉ သဘာဝဘေးအန္တရာယ်ကြောင့် အမှုဖွင့်ထားလိုက်ပြီးဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ထွေအုပ်ရုံးကိုသွားခဲ့တယ်။ ထွေအုပ်ကမရှိဘူး။ မြို့လယ်မှာဘုန်းကျောင်းကိုသွားတော့ ရဲ နဲ့ ထွေအုပ်ကပြောကတော့ ဗျူဟာ ကဖမ်းခိုင်းလို့ပြောတယ်” ဟု မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မိုင်းရယ်မြို့တွင် စစ်အာဏာရှင် ကိုဆန့်ကျင်ပြီး လူငယ်တဦးဖမ်းဆီးခဲ့ရသော်လည်း ယနေ့ မှာ မိုင်းရယ်လူငယ်များဆက်လက်ပြီး မြို့လယ် ဘုရားရှေ့တွင် ထိုင်ပြီး စစ်အာဏာရှင် ကို ရုံဆင်းချိန် အထိ ထိုင်သပိတ် ပြုလုပ်ခဲ့ကြောင်းသိရသည်။

“ ဒီနေ့ ဘယ်လိုမှလုပ်လို့မရတော့လို့ ကျနော်တို့ ဆိုင်းဘုဒ်ကိုင်ပြီး မြို့လယ်ဘုရားမှာဘဲ ထိုင်ဆန္ဒပြသပိတ်မှောက်ခဲ့ရတယ်။ ကျနော်တို့က ရုံးချိန်ဆင်းတဲ့ထိ ထိုင်ပြီး ဆန္ဒပြသွားမှာပါ” ဟုမိုင်းရယ် ဒေသခံ အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့တွင် ဆန္ဒပြသည့် သူများကို ယနေ့ချိန်ထိ ပြန်လည် လွှတ်လာပေးခြင်းမရှိသေးကြောင်း၊ မိုင်းရယ်မြို့မ ရဲစခန်းတွင် ကျန်းမားရေးကောင်းမွန်စွာ ရှိကြောင်းသိရသည်။

ယနေ့ မိုင်းရယ်မြို့တွင် စစ်အာဏာရှင် ကျရှုံးရေးအတွက် ဒေသခံ ပြည်သူများက ဆက်လက်ပြီး မိမိသဘော ဆန္ဒအလျောက် ပြုလုပ်နေကြကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...