စစ်အာဏာရှင်ကို ဆန့်ကျင်သည့် မိုင်းရယ်လူငယ် သဘာဝဘေးအန္တရာယ်ဖြင့်အမှုဖွင့်ခံရ

စစ်အာဏာရှင်ကို ဆန့်ကျင်သည့် မိုင်းရယ်လူငယ် သဘာဝဘေးအန္တရာယ်ဖြင့်အမှုဖွင့်ခံရ

သျှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့သည့် လူငယ်တဦးသည် ကိုဗစ်- ၁၉ သဘာဝဘေအန္တရာယ်ဖြင့် အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။

ယမန့်နေ့ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ည ၆ နာရီအချိန်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် အသက် ၂၇နှစ်အရွယ်ရှိ မောင်စိုးကျော်ကို တပ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ယနေ့ သွားရောက်ထုတ်ရာတွင် ကိုဗစ် -၁၉ သဘာဝဘေးအန္တရာယ်ကြောင့် အမှုဖွင့်ထားလိုက်ပြီးဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ထွေအုပ်ရုံးကိုသွားခဲ့တယ်။ ထွေအုပ်ကမရှိဘူး။ မြို့လယ်မှာဘုန်းကျောင်းကိုသွားတော့ ရဲ နဲ့ ထွေအုပ်ကပြောကတော့ ဗျူဟာ ကဖမ်းခိုင်းလို့ပြောတယ်” ဟု မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မိုင်းရယ်မြို့တွင် စစ်အာဏာရှင် ကိုဆန့်ကျင်ပြီး လူငယ်တဦးဖမ်းဆီးခဲ့ရသော်လည်း ယနေ့ မှာ မိုင်းရယ်လူငယ်များဆက်လက်ပြီး မြို့လယ် ဘုရားရှေ့တွင် ထိုင်ပြီး စစ်အာဏာရှင် ကို ရုံဆင်းချိန် အထိ ထိုင်သပိတ် ပြုလုပ်ခဲ့ကြောင်းသိရသည်။

“ ဒီနေ့ ဘယ်လိုမှလုပ်လို့မရတော့လို့ ကျနော်တို့ ဆိုင်းဘုဒ်ကိုင်ပြီး မြို့လယ်ဘုရားမှာဘဲ ထိုင်ဆန္ဒပြသပိတ်မှောက်ခဲ့ရတယ်။ ကျနော်တို့က ရုံးချိန်ဆင်းတဲ့ထိ ထိုင်ပြီး ဆန္ဒပြသွားမှာပါ” ဟုမိုင်းရယ် ဒေသခံ အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့တွင် ဆန္ဒပြသည့် သူများကို ယနေ့ချိန်ထိ ပြန်လည် လွှတ်လာပေးခြင်းမရှိသေးကြောင်း၊ မိုင်းရယ်မြို့မ ရဲစခန်းတွင် ကျန်းမားရေးကောင်းမွန်စွာ ရှိကြောင်းသိရသည်။

ယနေ့ မိုင်းရယ်မြို့တွင် စစ်အာဏာရှင် ကျရှုံးရေးအတွက် ဒေသခံ ပြည်သူများက ဆက်လက်ပြီး မိမိသဘော ဆန္ဒအလျောက် ပြုလုပ်နေကြကြောင်းသိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...