မွန်ပြည်သစ်ထိန်းချုပ်ဒေသ ဆေးဖြတ်စခန်းတွေမှာ မူးယစ်ဆေး လာဖြတ်သူ (၂၀၀)ကျော် ရှိ

မွန်ပြည်သစ်ထိန်းချုပ်ဒေသ ဆေးဖြတ်စခန်းတွေမှာ မူးယစ်ဆေး လာဖြတ်သူ (၂၀၀)ကျော် ရှိ

နွန်နွန် — မွန်ပြည်သစ်ထိန်းချုပ်ဒေသက မူးယစ်ဆေးဝါးဖြတ်စခန်းတွေမှာ လာရောက်ဆေးဖြတ်သူ (၂၀၀)ကျော် က ပုံမှန်ရှိနေပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီဟာ သထုံခရိုင် မော်လမြိုင်ခရိုင်နဲ့ ထားဝယ်ခရိုင်က ထိန်းချုပ်ဒေသတွေမှာ မူးယစ်ဆေးဖြတ်စခန်းတွေကို ၂၀၁၅ ခုနှစ်ဝန်းကျင်မှာ စတင် ဖွင့်လှစ်ခဲ့တာပါ။

အဲဒီလိုဖွင့်လှစ်ပြီးတဲ့နောက်ပိုင်းမှာ ကျေးလက်ဒေသတွေက မူးယစ်ဆေးဝါး သုံးစွဲတဲ့လူငယ်တွေကို မိဘတွေက ဆေးဖြတ်ဖို့ လာရောက်ပို့ဆောင်လေ့ ရှိပါတယ်။

အဲ့ဒီအထဲမှာ သထုံခရိုင်က ဆေးဖြတ်စခန်းတွေမှာ မူးယစ်ဆေးလာဖြတ်သူတွေက အများဆုံး ဖြစ်တယ်လို့ ဒီစခန်းတွေကို သွားရောက်ခဲ့တဲ့ ရေးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)မှ ဒေါက်တာ မင်းစိုးလင်းက ပြောပါတယ်။

“အဲဒီမွန်ပြည်သစ်ထိန်းချုပ်ဒေသထဲက မူးယစ်ဆေးဖြတ်တဲ့နေရာ(ခရိုင်)သုံးခုလုံးကို သွားခဲ့တယ်ပေါ့နော်၊ အားလုံးပေါင်းက နှစ်ရာကျော်တယ်၊ အများဆုံးက သထုံခရိုင်မှာ လူတစ်ရာကျော်ရှိတယ်၊ ကျန်တဲ့ခရိုင်နှစ်ခုဖြစ်တဲ့ မော်လမြိုင်ခရိုင်နဲ့ထားဝယ်ခရိုင်ကျတော့ လူ(၇၀)လောက်ရှိကြတယ်၊ အားလုံးပေါင်းလိုက်ရင် မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီးတော့ သုံးစွဲဖြန့်ချိတဲ့သူတွေရော၊ မူးယစ်ဆေးဝါးသုံးစွဲလို့ မိဘလာအပ်တဲ့သူတွေရော အားလုံးပေါင်း(၂၂၀)လောက်ရှိတယ်”လို့ ဆိုပါတယ်။

သထုံခရိုင်မှာတော့ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ လူငယ်တွေအကြား ပျံ့နှံ့နေပြီး တစ်လကို မူးယစ်ဆေးဝါး လာဖြတ်သူ အနည်းဆုံး (၄၀) ဦးဝန်းကျင် ရှိတယ်လို့ မွန်ပြည်သစ်ပါတီ သထုံခရိုင် ဥက္ကဋ္ဌ နိုင်ဧက ကပြောပါတယ်။

“ဒီကျွန်တော်တို့ ဒေသမှာကျတော့ မွန်လူထုကများတယ်၊ ဒီမွန်လူထုရဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေဆိုရင်တော့ သုံးစွဲများလို့ မိဘတွေ မထိန်းနိုင်တဲ့ ကျွန်တော်တို့ ဆီမှာ လာအပ်ပေးတာ ရှိတယ်၊ အဲဒီမှာ ကျွန်တော်တို့လက်ခံတယ်၊ အဲဒီလက်ခံတဲ့ ကျွန်တော်တို့ခရိုင်ထဲမှာဆိုလို့ရှိရင် အနည်းဆုံးလူအယောက်(၄၀)လောက်ရှိမယ်၊ အဲဒါက ပုံမှန် လစဉ် ပေါ့်နော်၊ ထွက်တဲ့သူတွေလည်း ရှိတယ်၊ ဝင်တဲ့သူတွေလည်းရှိတယ်၊ ဒီမူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူတွေကျ တော့ အရေးယူတဲ့နေရာမှာလည်း အနည်းဆုံးလေးဆယ်ငါးဆယ်ဝန်းကျင်မှာ ရှိတယ်”လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲလို့ မွန်ပြည်သစ်ပါတီက ဖမ်းဆီး အရေးယူခဲ့သူတွေထဲမှာ အမျိုးသမီးက (၁၅)ရာခိုင်နှုန်းပါဝင်ပြီး အသက်(၃၅)နှစ်အောက် လူငယ်တွေ အများဆုံး ပါဝင်တယ်လို့ ဆိုပါတယ်။

Most read this week

ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...