အမျိုးသားရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ကရင်၊ မွန်၊ ရှမ်း၊ ပအိုဝ်းလူငယ်များ လုပ်ငန်းစဉ်ချမည်

အမျိုးသားရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ကရင်၊ မွန်၊ ရှမ်း၊ ပအိုဝ်းလူငယ်များ လုပ်ငန်းစဉ်ချမည်

စောမြတ်ဦးသာ - အမျိုးသားရေးကဏ္ဍများနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်လာနိုင်အောင် လုပ်ငန်းစဉ်ချမှတ်သွားမည်ဟု ဒီဇင်ဘာ ၈ ရက်နေ့က KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့ နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်)ရုံး ခန်းမဆောင်၌ ပြုလုပ်သည့် လူငယ်နှီးနှောဖလှယ်ပွဲတွင် လူငယ်ကိုယ်စားလှယ်များက ပြောဆို သည်။

KNU ဒူးပလာယာခရိုင်အဆင့် ပထမဦးဆုံးအကြိမ် ပြုလုပ်သည့် လူငယ်နှီးနှောဖလှယ်ပွဲတွင် တက်ရောက်လာသည့် မွန်၊ ကရင်၊ ရှမ်း၊ ပအိုဝ်းလူငယ်ကိုယ်စားလှယ်များမှ မိမိတို့တိုင်းရင်းသားလူငယ်အချင်းချင်း နိုင်ငံရေးနှင့် အမျိုးသားရေးအခန်းကဏ္ဍများတွင် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ သမိုင်းအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြပြီး ရှေးဆက်လုပ်ငန်းစဉ်များကိုလည်း ချမှတ်သွားမည်ဟု ဦးဆောင်သူလူငယ်များက ကေအိုင်စီသို့ပြောသည်။

လူငယ်နှီးနှောဖလှယ်ပွဲ  ဦးဆောင်သူ စောဂျိုးဇက်က “လူငယ်တွေရဲ့ နိုင်ငံရေးအမြင်တွေ ဆွေးနွေးကြတယ်။  ၂ဝ၂ဝ ရွေး ကောက်ပွဲမှာ အားနည်းချက် အားသာချက်တွေကို ဆွေးနွေးသုံးသပ်ကြတယ်။ အမျိုးသားရေးအရရော၊ နိုင်ငံရေးအရရော ကျနော်တို့လူငယ်တွေကနေ ဘယ်လိုမျိုး ပူးပေါင်းပါဝင်လို့ရမလဲဆိုတာကို  လုပ်ငန်းစဉ်တွေ ချမှတ်ပြီး ဒုတိယအကြိမ်မှာ ဆုံးဖြတ်ချက်ချမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

တရက်တာ ပြုလုပ်သည့် ယင်းနှီးနှောဖလှယ်ပွဲတွင် တိုင်းရင်းသား လူငယ်ကိုယ်လှယ်အသီးသီးမှ သဘောထားမှတ်ချက်များ အပြန်အလှန်ဆွေးနွေးဖလှယ်ကြပြီး နိုင်ငံရေးအရ ပူးပေါင်းချိတ် ဆက်နိုင်ရေး၊ ပြီးခဲ့သည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီတို့၏ ပါတီနိုင်ငံရေးအခင်းအကျင်းများနှင့် ရှေးဆက် လုပ်ငန်းများကို လူမျိုးစုလိုက် ဆွေးနွေးဖလှယ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

“ နိုင်ငံရေးမှာ ပူးပေါင်းဆောင်ရွက်မှု ကောင်းလာအောင် ခုချိန်ကနေစပြီးတော့ အပြန်အလှန်ဆွေးနွေးပြီး ချိတ်ဆက် ဆောင်ရွက်မှုတွေ လုပ်သွားမှာပေါ့နော်။ ကျနော်တို့ တိုင်းရင်းသားအချင်းချင်း ဒီအတိုင်းဆက်သွားရင် ရှေ့ဆက် ခက်ခဲနေအုံးမယ်၊ ပဋိပက္ခတွေလည်းရှိမယ်။  အဲ့ဒါကြောင့် မဟာမိတ်ဖြစ်အောင် ကျနော်တို့လူငယ်တွေ ပူးပေါင်း ဆောင်ရွက်နေကြပါပြီ”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် မွန်လူငယ်အဖွဲ့ ဒုဥက္ကဋ္ဌ မင်းမုဒိတာက ကေအိုင်စီသို့ ပြောသည်။

ယခု နှီးနှောဖလှယ်ပွဲ၌ ကရင်၊ မွန်၊ ရှမ်းနှင့် ပအိုဝ်းလူငယ်များက ၎င်းတို့ ရေးဆွဲထားသည့် သဘောထားအခြေခံ လုပ်ငန်း စဉ်များကို လာမည့် မတ်လတွင် ဆုံးဖြတ်ချက်ချမှတ်သွားမည်ဟု ဦးဆောင်သူတိုင်းရင်းသား လူငယ်ကိုယ်စားလှယ်များမှ ပြောဆိုသည်။

May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...