နမ္မတူတွင် TNLA နှင့် RCSS/SSA တို့စစ်ရေးတင်းမာ

နမ္မတူတွင် TNLA နှင့် RCSS/SSA တို့စစ်ရေးတင်းမာ
Photo by Google Map- တိုက်ပွဲဖြစ်ပွါးသည့် နမ္မတူမြို့နယ် မန်စံအုပ်စုနေရာပြမြေပုံ
Photo by Google Map- တိုက်ပွဲဖြစ်ပွါးသည့် နမ္မတူမြို့နယ် မန်စံအုပ်စုနေရာပြမြေပုံ

Hseng Leng -သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း TNLA နှင့်  RCSS/SSA တို့ကြား စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲဖြစ်ပွါးမည်ကိုဒေသခံများ စိုးရိမ်နေကြသည်။  

 

ဒီဇင်ဘာလ ၈ ရက် မနက်ပိုင်း တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA မှ နမ္မတူမြို့ နယ် မန်စံကျေးရွာ အုပ်စု ပန်တောင်းတံတားတွင်  စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသခံများ ကပြောသည်။

“နှစ်ဖက်တပ်အင်အားဖြည့်ပြီး တင်းမာနေကြတယ်။ အခုချိန်ထိတော့ သေနတ်သံ မထွက်သေးဘူး” ဟု နမ္မတူဒေသခံ ဉီးမောင် ကပြောသည်။

အဆိုပါ ပန်တောင်းတံတားဘက်တွင်  အစိုးရတပ်မတော်လည်း၀င်ရောက်နေရာယူထားကြောင်း ဒေသခံများပြောသည်။

“ အခု  အစိုးရတပ်မတော်ဖက်ကလည်းရောက်နေတယ်။ အခြေအနေကတော့ ၃ ခုဖြစ်နေတယ်။ ဘယ်သူက ဘယ်သူကိုတိုက်မလဲတော့မသိသေးဘူး။ အစိုးရတပ်မတော်ဖက်ကတော့ ၆၀ယောက်လောက်တော့ ရှိတယ်” ဟု ၎င်းဒေသခံကပြောသည်။

RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စဝ်အုမ်ခေးက “ ဒီနေ့စစ်ရေးကတော့မရှိသေးဘူး။   တင်းမာနေတာတော့ရှိတာပေါ့”  ဟု ပြောသည်။

အလားတူ TNLA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် ကလည်း “ဒီနေ့ ထိတွေ့မှုတော့မရှိသေးဘူး။  အခြေအနေက ငြိမ်သက်နေတာလည်း မဟုတ်ဘူး” ဟု ပြောသည်။

နမ္မတူမြို့နယ်တွင်   ဒီဇင်ဘာ ၇ ရက် ယမန်နေ့ကလည်း တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့  တိုက်ပွဲများဖြစ်ခဲ့သည်ဟုသိရသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...