နမ္မတူတွင် TNLA နှင့် RCSS/SSA တို့စစ်ရေးတင်းမာ

နမ္မတူတွင် TNLA နှင့် RCSS/SSA တို့စစ်ရေးတင်းမာ
Photo by Google Map- တိုက်ပွဲဖြစ်ပွါးသည့် နမ္မတူမြို့နယ် မန်စံအုပ်စုနေရာပြမြေပုံ
Photo by Google Map- တိုက်ပွဲဖြစ်ပွါးသည့် နမ္မတူမြို့နယ် မန်စံအုပ်စုနေရာပြမြေပုံ

Hseng Leng -သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း TNLA နှင့်  RCSS/SSA တို့ကြား စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲဖြစ်ပွါးမည်ကိုဒေသခံများ စိုးရိမ်နေကြသည်။  

 

ဒီဇင်ဘာလ ၈ ရက် မနက်ပိုင်း တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA မှ နမ္မတူမြို့ နယ် မန်စံကျေးရွာ အုပ်စု ပန်တောင်းတံတားတွင်  စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသခံများ ကပြောသည်။

“နှစ်ဖက်တပ်အင်အားဖြည့်ပြီး တင်းမာနေကြတယ်။ အခုချိန်ထိတော့ သေနတ်သံ မထွက်သေးဘူး” ဟု နမ္မတူဒေသခံ ဉီးမောင် ကပြောသည်။

အဆိုပါ ပန်တောင်းတံတားဘက်တွင်  အစိုးရတပ်မတော်လည်း၀င်ရောက်နေရာယူထားကြောင်း ဒေသခံများပြောသည်။

“ အခု  အစိုးရတပ်မတော်ဖက်ကလည်းရောက်နေတယ်။ အခြေအနေကတော့ ၃ ခုဖြစ်နေတယ်။ ဘယ်သူက ဘယ်သူကိုတိုက်မလဲတော့မသိသေးဘူး။ အစိုးရတပ်မတော်ဖက်ကတော့ ၆၀ယောက်လောက်တော့ ရှိတယ်” ဟု ၎င်းဒေသခံကပြောသည်။

RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စဝ်အုမ်ခေးက “ ဒီနေ့စစ်ရေးကတော့မရှိသေးဘူး။   တင်းမာနေတာတော့ရှိတာပေါ့”  ဟု ပြောသည်။

အလားတူ TNLA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် ကလည်း “ဒီနေ့ ထိတွေ့မှုတော့မရှိသေးဘူး။  အခြေအနေက ငြိမ်သက်နေတာလည်း မဟုတ်ဘူး” ဟု ပြောသည်။

နမ္မတူမြို့နယ်တွင်   ဒီဇင်ဘာ ၇ ရက် ယမန်နေ့ကလည်း တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့  တိုက်ပွဲများဖြစ်ခဲ့သည်ဟုသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...