မြဝတီတွင် ကိုဗစ်ပိုးတွေ့လူနာ ၂၁၀ ဦးထိရှိပြီး တန်ဆောင်တိုင် EDM.DJ ပွဲအပါအဝင် မြို့တွင်းကူးစက်မှုမှ ပိုးတွေ့လူနာ ၉၀ ကျော်ရှိလာ

မြဝတီတွင် ကိုဗစ်ပိုးတွေ့လူနာ ၂၁၀ ဦးထိရှိပြီး တန်ဆောင်တိုင် EDM.DJ ပွဲအပါအဝင် မြို့တွင်းကူးစက်မှုမှ ပိုးတွေ့လူနာ ၉၀ ကျော်ရှိလာ

နေနော် — ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့(ဒီဇင်ဘာ ၇ရက်) နံနက် ၆ နာရီအထိ Covid-19 ပိုးတွေ့ အတည်ပြုလူနာ (၂၁၀)ဦးရှိပြီး လေးကေ့ကော် တန်ဆောင်တိုင် လပြည့်ည EDM.DJ ပွဲနှင့်အတူ မြို့တွင်းကူးစက်မှုမှ အနံ့ပျောက် Covid-19 ပိုးတွေ့လူနာ ၄၀ ကျော်ထိ ရှိလာကြောင်း သိရသည်။

ထိုထဲတွင် ပြည်တွင်းခရီးသွားရာဇဝင်ရှိသူ ၅၅ ဦးနှင့် ၎င်းတို့နှင့်ထိတွေ့ခဲ့သူ ၂၅ ဦး ၊ ပြည်ပထိုင်းပြန် ပိုးတွေ့လူနာ ၂၀ဦးနှင့် ယင်းတို့နှင့် ထိတွေ့ခဲ့သူ ၁၆ ဦးတို့ဖြစ်သည်။ ကျန်ပိုးတွေ့လူနာများမှာ ခရီးသွားရာဇဝင်မရှိဘဲ မြို့တွင်းကူး စက်မှုအနေဖြင့် ၄၄ ဦး ထိရှိရာ ၎င်းတို့နှင့်ထိတွေ့ခဲ့သူ ၅၀ ဦးထဲတွင်လည်း  ကိုဗစ်ရောဂါပိုးထပ်မံတွေ့ရှိရ၍  မြဝတီမြို့တွင် ယနေ့ နံနက် ၆ နာရီအထိ ကိုဗစ် ပိုးတွေ့လူနာ (၂၁၀) ဦးအထိရှိလာပြီးဖြစ်သည်။

အဆိုပါ Covid-19 ပိုးတွေ့လူနာ ၂၁၀ ဦးအနက် ရောဂါပျောက်ကင်းသူ ၁၅၂ ဦး၊ ဆေးရုံတွင် ဆေးဝါးကု သမှုခံယူ နေသူ ၅၇ ဦး နှင့် သေဆုံးသူ ၁ ဦးရှိခဲ့ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဆိုသည်။     

 

၎င်းအပြင် ယမန်နေ့ ဒီဇင်ဘာ ၆ ရက်နေ့ တစ်ရက်တည်းတွင်ပင် တန်ဆောင်တိုင် လပြည့်ည လေးကေ့ကော် View Pointတွင် ပြုလုပ်သော EDM. DJ ပွဲသို့ သွားရောက်ခဲ့သူများ နှင့်အတူ မြို့တွင်းကူးစက်မှုအနေဖြင့် ၂၂ ဦး နှင့် မြဝတီမြို့၏ မြောက်ဘက်ခြမ်း အစွန်းပိုင်းရှိ တရုတ်မြို့တော်စီမံကိန်းတည်ရှိရာ ရွှေကုက္ကိုတွင် ၈ ဦး စုစုပေါင်း ကိုဗစ် ပိုးတွေ့လူနာ ၃၀ ဦးထိရှိပြီး ယနေ့ နေ့လည်ပိုင်းထိ ၉ ဦးခန့် ထပ်မံတိုးလာကြောင်း သိရသည်။  

လက်ရှိအချိန်ထိ ကရင်ပြည်နယ် မြဝတီမြို့သည် Stay At Home မြို့အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်မ ထား၍ ယင်းတို့၏ ပန်ကြားလွှာအပြီး ဖြေလျှော့မှုအနေဖြင့် ဒီဇင်ဘာ ၅ ရက်နေ့ နောက်ပိုင်း ထမင်းဆိုင်၊ လက်ဖက် ရည်ဆိုင်နှင့်အခြားစားသောက်ဆိုင်များအား ကျန်းမာရေးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆိုင်တွင်း ပြန်လည်ရောင်း ချခွင့်ပြုထားသည်။ သို့သော် ည ၁၂ နာရီ မှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား ထုတ်ပြန်ထားဆဲဖြစ်သလို ဖြေလျှော့မှုအခြေအနေအား ဒေသန္တရ အမိန့်တရပ်အနေဖြင့် တရားဝင်စာထုတ်ကာ မကြေငြာသေး၍ အခြားလုပ် ငန်းခွင်များဖြစ်သော KTV ဆိုင် နှင့် ကျန်းမာရေးအနှိပ်ခန်းလုပ်ငန်းများမှာ အခက်အခဲရှိနေဆဲဖြစ်ကြောင်း သိရ သည်။ 

May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...