ကိုဗစ်ကာလ သံတောင်ကြီးကော်ဖီအရောင်းအဝယ်ဖြစ်နေဆဲ

ကိုဗစ်ကာလ သံတောင်ကြီးကော်ဖီအရောင်းအဝယ်ဖြစ်နေဆဲ

စဖန်းရှောင်း — ကိုဗစ်ကာလဖြစ်သော်လည်း အရည်အသွေးကောင်းမွန်သည့် သံတောင်ကြီးထွက် ကော်ဖီများအရောင်း အဝယ်ကောင်းနေဆဲဖြစ်သည်ဟု ဒေသထွက်ကော်ဖီများကို ပြည်တွင်း၊ပြည်ပသို့ ထုတ်လုပ် ဖြန့်ဖြူးရောင်း ချနေသည့် သံတောင်ကြီး အမျိုးသမီးများ အဖွဲ့ထံမှသိရသည်။

သံတောင်ကြီးထွက်ကော်ဖီများမှာ အများအားဖြင့် ကုန်းမြင့်ပိုင်းနေရာများတွင် သဘာဝအတိုင်း စိုက်ပျိုး ကြခြင်းဖြစ်ပြီး နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်ပြည့်မီသည့်အတွက် လူကြိုက်များသည့် ဒေသ ထွက်ကုန်တစ်ခုလည်းဖြစ်သည်။

“ ကိုဗစ်ကာလမှာက တခြားသီးနှံတွေဆို တစ်ချို့မရောင်းရဘူး။ အစ်မတို့က သဘာဝကော်ဖီလည်းဖြစ်တော့ ပြည်တွင်းလည်းအဝယ်လိုက်တယ်။ နောက်ပြီး ပြည်ပအနေနဲ့ကလည်း ဒီကအရည်အသွေးတွေကို ကြိုက်တော့ မှာကြတယ်။ ဒီလိုကိုဗစ်အချိန်မှာတောင် အတော်များများ ရောင်းရပါတယ်။ ပြောရမယ်ဆိုရင် အစ်မတို့ သံ တောင်ကော်ဖီက ကမ္ဘာ့ဈေးကွက်မှာ ဈေးကောင်းရနေတဲ့ အခြေအနေဖြစ်တယ်” ဟုသံတောင်ကြီး အမျိုး သမီး များ အဖွဲ့ဒါရိုက်တာ နော်မာမာချိုကပြောသည်။  

ကရင်ပြည်နယ်မြောက်ပိုင်း သံတောင်ကြီးမြို့နယ်တွင် အခြေစိုက်သည့် သံတောင်ကြီးအမျိုးသမီးများအဖွဲ့မှာ ဒေသထွက်ကော်ဖီများကို သံတောင်သူ အမှတ်တံဆိပ်ဖြင့် ပြည်တွင်းသာမက အိမ်နီးချင်းထိုင်း နိုင်ငံသို့ အများဆုံးတင်ပို့သည်ဟုသိရပြီး ယခုကိုဗစ်ကာလအတွင်း ကော်ဖီတန်ချိန် ၁၀ တန်အထိပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချပြီးဖြစ်သည်ဟုသိရသည်။

ထို့အပြင် အရည်အသွေးပြည့်မီသည့် သံတောင်ကြီးကော်ဖီမှာ ဈေးကွက်အရ အစိမ်းသီး တစ်ပိဿာလျှင်ကျပ် ၄ ထောင် မှ ၅ ထောင်အကြားရှိနေပြီး အမှုန့်ကြိတ်သန့်စင်ပြီးသား အရည်းအသွေးမီ ကော်ဖီမှုန့် တစ်ပိ ဿာလျှင် ကျပ် ၂ သောင်းအထိဈေး နှုန်းရှိကြောင်း နော်မာမာချိုကပြောသည်။

လက်ရှိ သံတောင်ကြီးတွင် ကော်ဖီအမျိုးအစားများဖြစ်သည့် အာရေးဗီးကား (Arabica)နှင့် ရိုဗာစတာ (Robusta)စသည့် ကော်ဖီအမျိုးအစားများ အများဆုံးစိုက်ပျိုးကြပြီး အာရေးဗီးကား (Arabica)အမျိုးအစားမှာ ပြည်ပကော်ဖီဈေးကွက်တွင် ဈေးနှုန်းပိုရကြောင်းသိရသည်။

ကော်ဖီစိုက်ပျိုးမှုများအရ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည် နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ကော်ဖီအပြင်၊ ကွမ်းသီး၊ လက်ဖက်၊ ဖာလာ၊ ရာဘာ၊ ဒူးရင်းများကိုလည်း  အဓိကစိုက်ပျိုးကြသည်ဟု သိရသည်။

May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...