COVID-19 ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အသာစီးရနေသည့် အနေအထားရှိကြောင်း ဒေါက်တာ ဇော်ဝေစိုးပြော

COVID-19 ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အသာစီးရနေသည့် အနေအထားရှိကြောင်း ဒေါက်တာ ဇော်ဝေစိုးပြော

COVID-19 ထိန်းချုပ်ရေးနှင့်ပတ်သက်၍ လက်ရှိအခြေအနေအရ မိမိတို့ဘက်က အသာစီးရနေသည့် သဘောတွေ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ  ပါမောက္ခဒေါက်တာဇော်ဝေစိုးကပြောသည်။

“ကျွန်တော်တို့ အနေအထားကို သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်အရင်က ပြောသလို contain(ထိန်းချုပ်ဟန့်တားမှု)လုပ်တဲ့ဟာ ယခုအချိန်မှာတော့ ကျွန်တော်တို့ contain(ထိန်းချုပ်ဟန့်တားမှု) လုပ်နေနိုင်တဲ့အနေ အထားရှိပါတယ်။ ကျွန်တော်တို့ရဲ့ capacity(လုပ်နိုင်စွမ်း) နဲ့ ယခုထွက်လာတဲ့ positive လူနာအရေအတွက်ဟာ ကျွန်တော်တို့ဘက်က အသာစီးရတဲ့သဘောရှိပါတယ်။ ဒါပေမယ့် ဒါဟာ လက်မထောင်ဖို့မဟုတ်သေးပါဘူး။ လက်မထောင်လို့မရပါဘူး။ ကျွန်တော်တို့ဒါကို စည်းစည်းလုံးလုံးနဲ့ ထိန်းသိမ်းထားရမှာဖြစ်ပါတယ်” ဟု ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောသည်။

လက်ရှိအချိန်တွင် လူနာများအား ပြုစုစောင့်ရှောက်နေသည့် ဝန်ထမ်းများအနေဖြင့် မိမိ၏ အင်အားကို များစွာထုတ်သုံးပြီး အစွမ်းကုန်ကြိုးစား လုပ်ဆောင်နေရသည့်အတွက် ဆက်လက်ပြီး ထိန်းထားရန် လိုအပ်ကြောင်း လည်း ၎င်းက ပြောသည်။

“ဒါကြောင့်လည်း နိုင်ငံတော်က home stayကို ထပ်ပြီးတော့ နှစ်ပတ် တိုးလိုက်တာဖြစ်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ အဲ့ဒီနှစ်ပတ်ဟာ ကျွန်တော်တို့အတွက် အများကြီးထိရောက်မှာပါ။ နောက် Positive ဖြစ်တဲ့ လူနာတွေကို စောင့်ရှောက်ကုသနိုင်တဲ့နေရာတွေလည်း အဆင်သင့်ရှိတယ်။ ကြိုတင်ပြင်ဆင်ထားပြီးတော့ အကောင်းဆုံးတွေလည်း ဆောင်ရွက်ထားတယ်။ ဆေးဝါးများလည်း နိုင်ငံတကာအသိအမှတ်ပြုဆေး ဝါးများကို အသုံးပြုပြီး ကုသနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ သေဆုံးနှုန်းများကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။  ဒါကြောင့် ကျွန်တော်တို့ ရန်ကုန် COVID သေချာပေါက်ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် အနိုင်ရနိုင်တဲ့ အနေအထားကို မြင်တွေ့နေရပြီလို့ ကျွန်တော်ထင်ပါတယ်”  ဟု ပါမောက္ခဒေါက်တာဇော်ဝေစိုးက ဆိုသည်။

COVID-19 အတည်ပြုလူနာများအား နိုင်ငံတကာက သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ FDA အသိအမှတ်ပြု ဆေးဝါးများဖြင့် ကုသပေးနေသည်မှာ တစ်ပတ်ကျော်ခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

အိန္ဒိယနိုင်ငံ Zydusca dila ဆေးကုမ္ပဏီမှ ထုတ်လုပ်သည့် Remdesivir ထိုးဆေးအား အိန္ဒိယသံရုံးမှ မြန်မာနိုင်ငံသို့  အလုံး ၃၀၀၀ ကျော် ပေးအပ်ထားပြီး အဆိုပါထိုးဆေးအား စတင်အသုံးပြုနေသည်မှာ ဆယ်ရက်ခန့် ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာ ၆ရက် ညပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ နှစ်သောင်းကျော်ရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၅၇၈၂ ဦးနှင့် သေဆုံးသူ ၄၇၁ ဦးရှိကြောင်း သိရသည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...