ကွတ်ခိုင်ရှိ တပ်မတော်တပ်ရင်း ၁ ခုနှင့် ပြည်သူ့စစ်စခန်း ၁ခု လက်နက်ကြီးဖြင့်အပစ်ခံရ

ကွတ်ခိုင်ရှိ တပ်မတော်တပ်ရင်း ၁ ခုနှင့် ပြည်သူ့စစ်စခန်း ၁ခု လက်နက်ကြီးဖြင့်အပစ်ခံရ

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ  တပ်မတော်တပ်ရင်းတစ်ခုနှင့် ပြည်သူ့စစ်စခန်းတစ်ခုတို့ကို အောက်တိုဘာ ၃ ရက်နေ့က တအာဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)နှင့် ကိုးကန့်အဖွဲ့ (MNDAA) ပူးပေါင်းအဖွဲ့တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်မတော်တပ်ရင်းတစ်ခုကို အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တာမိုးညဲ ပြည်သူ့စစ်စခန်းကို ယင်းနေ့ ည ၁၁ နာရီခန့်တွင် RPG များဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ဘက်မှ ပြောသည်။

“ တာမိုးညဲ ပြည်သူ့စစ်ရုံးကတော့ အနည်းငယ်ပျက်ဆီးတာရှိတယ်။ လူထိခိုက်မှုတော့မရှိပါဘူး” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါဖြစ်ရပ်ကြောင့် တပ်မတော်အနေဖြင့် လုံခြုံရေးနှင့်ပက်သက်၍ ဆောင်ရွက်နိုင်သည်မှန်သမျှကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

တအာဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က တပ်မတော်မှ အပစ်ရပ်ထုတ်ပြန်ချက်များသည် မြေပြင်တွင် အသက်ဝင်ခြင်းမရှိဘဲ ၎င်းတို့၏ တပ်စခန်း များအထိ ထိုးစစ်ဆင်လာခြင်းကြောင့် ပြန်တိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ စခန်းကို နှစ်ရက်ဆက်တိုက်လာတိုက်တော့ သူတို့စခန်းနှစ်ခုကို လက်နက်ကြီးနဲ့ပစ်တာ သွားတိုက်တာမဟုတ်ဘူး။ စစ်ရေးအရတန်ပြန်ပြီးမှ သတိပေးတာဖြစ်ပါတယ်” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် ကပြော သည်။

အောက်တိုဘာ ၂ ရက်နေ့မှစတင်ကာ တပ်မတော်၏ တပ်မ (၈၈) နှင့် တပ်မ (၉၉) တို့မှ TNLA ၏တောတွင်းစခန်းများကို ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲကြီး၊ငယ်ဖြစ်ပွားနေသည်မှာ  ၄ ရက်အတွင်း ရှစ် ကြိမ်ခန့်ရှိပြီဖြစ် ကြောင်းလည်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။

တပ်မတော်ဘက်ကမူ ထိုးစစ်ဆင်မှုများ ပြုလုပ်ခြင်းမရှိဘဲ လုံခြုံရေးနှင့်လမ်းပန်းဆက်သွယ် ရေးအရ ဆောင်ရွက်နေခြင်းမျိုးသာရှိပြီး တစ်ဖက်က ပစ်ခတ်မှသာ ပြန်လည်ပစ်ခတ်ခြင်းဖြစ်ကြောင်း  ဗိုလ်မှူး ချုပ်ဇော်မင်းထွန်း က ပြောသည်။

တပ်မတော်နှင့် TNLA တို့သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တိုက်ပွဲငါးကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး လက်ရှိ အောက်တိုဘာလတွင်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...