လုံခြုံရေးအရ မိုင်းကိုင် တိုက်ပွဲရှောင်များ နေရပ် မပြန်နိုင်သေးဟု ဆို

လုံခြုံရေးအရ မိုင်းကိုင် တိုက်ပွဲရှောင်များ နေရပ် မပြန်နိုင်သေးဟု ဆို

စိုင်းဦး — ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အနီးတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)နှင့် တပ်မတော်တို့ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့ နေ့လယ်အထိ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ၂၀၀ ကျော် မိုင်းကိုင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရာ ယခုအချိန်ထိ လုံခြုံရေး အခြေအနေ စိုးရိမ်ရသည့်အတွက် နေရပ် မပြန်နိုင်သေးဘဲ ဖြစ်နေသည်ဟု မိုင်းကိုင်မဲ ဆန္ဒနယ်မှ ရှမ်းပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပန်က မဇ္ဈိမသို့ ပြောသည်။

လက်ရှိမှာတော့ တပ်မတော်နှင့် RCSS ကြား တိုက်ပွဲ မရှိတော့သည့်တိုင် လုံခြုံရေး အခြေအနေအရ တပ်မတော်က နေရပ်ပြန်ရန် ခွင့်မပြုသေးသည့်အတွက် နေရပ်မပြန်နိုင်သေးဘဲ ဖြစ်နေကြောင်း ၎င်းက ပြောသည်။

လွှတ်တော် အမတ် ဦးစိုင်းပန်က “မပြန်ရသေးဘူး မပြန်ရသေးဘူးဆိုတာ စစ်ကြောင်းကလည်း ပေးမပြန်သေးဘူး၊ စစ်တပ်က နယ်မြေအခြေအနေ မကောင်းသေးဘူး။ သူတို့လုံခြုံရေး မကောင်းသေးဘူး သူတို့လည်း တာဝန်ရှိလို့ပါ”  ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲရှောင်များသည် လက်ရှိ၌ မိုင်းကိုင် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရပြီး စုစုပေါင်း လူဦးရေ ၂၈၂ ဦးရှိကြောင်း၊ တိုက်ပွဲရှောင်လာရသည့် ကျေးရွာများကတော့ ကုန်းညောင်ရွာနှင့် ဖားစားရွာတို့မှ ဖြစ် ကြောင်း သိရသည်။

“သူတို့ပြေးလာတော့ ပထမ တစ်ရက် နှစ်ရက်တော့ ပြဿနာမရှိဘူး၊ စားဖို့သောက်ဖို့ ယူလာကြတယ်။ တကယ်လို့သာ အိမ်ပြန်ဖို့ အခြေအနေ မကောင်းသေးဘူးဆိုရင် စားဖို့သောက်ဖို့၊ ကျန်းမာရေး စကားပြောလာလိမ့်မယ်။ သိပ်တော့ ကောင်းမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် ကူညီနေတယ်။ စေတနာရှင်တွေ၊ တခြား ဖောင်ဒေး ရှင်း အကူအညီ အဖွဲ့တွေကို လှမ်းအကူအညီ တောင်းထားတယ်။ ခုထိ ဘာတစ်ခုမှတော့ ရောက်မလာသေးဘူး”ဟု ပြောသည်။

ကျေးသီမြို့နယ်အတွင်းမှာလည်း RCSS နှင့် တပ်မတော်တို့ တိုက်ပွဲကြောင့် တိုက်ပွဲရှောက်ပြည်သူ ၁၆၀ ကျော်  ကျေးသီမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး ယခုချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း ကျေးသီးမဲ ဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံမိဏ်းက ပြောသည်။

“ကျေးသီ စစ်ရှောင်တော့ အမျိုးအိမ်တွေမှာ လာနေတဲ့သူတွေတော့  ၁၆၀ ကျော် ရှိနေတုန်းဘဲ  ကုန်းညောင်ရွာက ထွက် ပြေးလာတဲ့ သူတွေ မိုင်းကိုင် ဘုန်းတော်ကြီးကျောင်းမှာ လူဦးရေ ၂၀၀ ကျော်ရှိတယ်။ ဘာမှလည်း ပါမလာပဲ ကိုယ်လွတ် ရုန်း ထွက်လာကြတော့ မနေ့က ဘုန်းကြီးကျောင်းက ထမင်းခြောက်ကို ပြန်ချက်စားနေရတာ” ဟု ၎င်းက ဆိုသည်။

ကျေးသီမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြသော တိုက်ပွဲရှောင် ၁၆၀ ကျော်သည် ကောင်းမူရွာနှင့် နန်းလှရွှေရွာတို့မှ ဖြစ်ကြောင်း သိရသည်။

မိုင်းကိုင်မဲဆန္ဒနယ်မှ ရှမ်းပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပန်က “ရွာထဲမှာ တစ်ယောက်မှ မကျန်ထားတော့ ရွာလုံးကျွတ် ပြေးလာတာ ရွာမှာ ဘာဖြစ်ကျန်ထားမှန်း ဘယ်သူမှ မသိဘူး။ နောက်ပြီးတော့ ပြန်ခွင့် လည်း မရှိဘူး၊ ပြန်ခွင့် လည်း မရဘူးဆိုတော့ ပစ္စည်းတွေလည်း ကျန်ထားတော့ ခုဘာဖြစ်နေလည်း ဘယ်သူမှ မသိဘူး” ဟုဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်းရှိ လွိုင်တွမ်းတောင်ကြားတွင် တပ်မတော် နှင့် RCSS အဖွဲ့တို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က  တိုက်ပွဲ ပြင်းထန်ခဲ့ကြပြီး နှစ်ဖက် ထိခိုက် ဒဏ်ရာ ရရှိမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

လက်ရှိမှာတော့ နှစ်ဖက် တိုက်ပွဲများ ပြန်လည် ငြိမ်သက်သွားပြီး ဖြစ်ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ဆိုသည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...